သတင်းများ

မင်းဘူးမြို့တွင် နေရပ်ပြန် (၁၇၉)ဦးအား နေ့စဉ်(၂)ကြိမ်နှုန်းဖြင့် ကျန်းမာရေးစောင့်ရှောက်မှု အရှိန်အဟုန် မြှင့် ဆောင်ရွက်ပေးလျက်ရှိ
Mar 31,2020
မင်းဘူးမြို့၊ အ.ထ.က (၁) ကျောင်းနှင့် အ.ထ.က (၂) ကျောင်းတို့တွင် ပြည်ပမှ ပြန်လည် ရောက်ရှိလာသူ (၁၇၉)ဦးအား COVID-19 ရောဂါကြိုတင်ကာကွယ်၊ ထိန်းချုပ်နိုင်ရေးကို ထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် မြို့နယ် ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ နေ့စဉ် (၂)ကြိမ်နှုန်းဖြင့် စဉ်ဆက်မပြတ် ကျန်းမာရေး စောင့်ရှောက်မှု အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
မတူပီမြို့သို့ ပြည်ပနိုင်ငံများမှ ရောက်ရှိလာသူများအတွက် ကြိုတင်ပြင်ဆင်မှုများ ဆက်လက်ဆောင်ရွက်
Mar 31,2020
ချင်းပြည်နယ်၊ မတူပီမြို့သို့ ပြည်ပနိုင်ငံများမှ ရောက်ရှိလာသူများကို ကိုရိုနာဗိုင်းရပ်စ်ရောဂါနှင့် ပတ်သက်၍ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ပြည်ပပြန်လာသူများနှင့် စောင့်ကြည့်လူနာများ ထားရှိ ရန်အတွက် မတူပီမြို့၊ အထက(၁)ကျောင်း၌ လူဦးရေ(၂၀)ဦးအတွက် နေရာကြိုတင် ပြင်ဆင်မှုများ ဆက်လက်ဆောင်ရွက်လျက်ရှိသည်။
သဘာဝတောကျန် ထိန်းသိမ်းကာကွယ်ခြင်း ဓမ္မတာမျိုးဆက်ခြင်းတို့မှ ထွက်ရှိသော ထင်း(၁၅.၆၈) တန်ကို ကျေးရွာနေပြည်သူများအား အခမဲ့ ပေးအပ်
Mar 31,2020
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ စလင်းမြို့နယ် အပူပိုင်းဒေသ စိမ်းလန်းစိုပြေရေး ဦးစီးဌာနမှ သဘာဝတောကျန်များ ထိန်းသိမ်း ကာကွယ်ခြင်း လုပ်ငန်းအရှေ့ကြိုးဝိုင်းအမှတ် (၄၂/၄၃)(၁၀၀ဧက) မှ ၂၀၁၉-၂၀၂၀ဘဏ္ဍာနှစ် (တတိယနှစ်) အတွက် ထင်း(၁၅.၆၈)တန်ကို ကျွန်းချောင်းကျေးရွာနှင့် ညောင်ဇင်ကျေးရွာရှိ ဒေသခံပြည်သူ များအား ယမန်နေ့ညနေ‌ ၃ နာရီအချိန်က မဲချ၍ အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဒေးဒရဲမြို့၌ COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်
Mar 31,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် COVID-19 ရောဂါကြိုတင် ကာကွယ်နိုင်ရေးအတွက် အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက စတင်၍ ဒေးဒရဲမြို့အတွင်းရှိ ဌာနဆိုင်ရာရုံးများ၊ ဈေးများ နှင့်လူစည်ကားရာနေရာများတွင် စနစ်တကျလက်ဆေးနည်း အသိပညာပေးစာစောင်များကပ်၍ လက်ဆေးဘေစင်များထားရှိ ပေးခြင်း၊ ဒေးဒရဲမြို့အဝင် စစ်ဆေးရေးဂိတ်တွင် ခရီးသွားများအား ကိုယ်အပူချိန်တိုင်းတာ ပေးခြင်းနှင့် အသိပညာပေးလုပ်ငန်းများ
လူထုအခြေပြုစောင့်ကြည့်စခန်းတွင်COVID-19 ရောဂါ အသိပညာပေးလုပ်ငန်းများဆောင်ရွက်ပေး
Mar 31,2020
COVID-19 ရောဂါအခြေအနေများကြောင့် အသွားအလာတားမြစ် ပိတ်ပင်ခြင်းခံရသဖြင့် ထိုင်နိုင်ငံတွင်အလုပ် သွားရောက်လုပ်ကိုင်ကြသူ မြန်မာအလုပ်သမားများသည် မြဝတီမှတဆင့် ကရင်ပြည်နယ်၊ ဘားအံမြိုရှိသီးသန့်ထား စောင့်ကြည့်နိုင်ရန် အတွက်
ယခု ဘဏ္ဍာရေးနှစ်အတွင်း ချင်းတွင်းမြစ်ကြောင်း တစ်လျှောက် တံစုန်းတန်ချိန် (၅၀)ကျော် နှုတ်ပေးခဲ့
Mar 31,2020
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းသို့ ဖြတ်သန်းစီးဆင်းလျက်ရှိသော ချင်းတွင်းမြစ်ကြောင်း တစ်လျှောက် လူစီးအမြန်ရေယာဉ်များနှင့်ကုန်တင်ရေယာဉ်များ အန္တရာယ်ကင်းရှင်းစွာ သွားလာ နိုင်စေရန် ယခုဘဏ္ဍာရေးနှစ်အတွင်း တစုန်းတန်ချိန် (၅၅)တန်ကို နှုတ်ပေးနိုင်ခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန (ရေလမ်း သတ်မှတ်ရေး)မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်စိုးဝင်းထံမှ သိရသည်။
က​လောမြို့နယ်၌ ကိုရိုနာဗိုင်းရပ်စ်​ရောဂါ ကူးစက်ပြန့်ပွားမှုမဖြစ်​ပေါ်​စေ​ရေး အထင်ကရ​နေရာများ၊ တန်ခိုးကြီးဘုရားများ ယာယီပိတ်ထား
Mar 31,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)တောင်ကြီးခရိုင်၊ ကလောမြို့နယ်တွင် ကိုရိုနာဗိုင်းရပ်စ်​အဆုတ်ရောင်ရောဂါ ဖြစ်ပွားမှုမရှိစေရေးအတွက် ရှေးဟောင်းသမိုင်းဝင် တန်ခိုးကြီးဘုရာများဖြစ်သည့် ကလောမြို့ အမှတ် (၈)ရပ်ကွက်တွင် တည်ရှိသော ကလောနှီးဘုရား၊ အမှတ်(၁၀)ရပ်ကွက်တည်ရှိသော ရွှေဉမင် သဘာဝလိုဏ်ဂူဘုရား၊ ကလောမြို့နယ် မြင်းမထိကျေးရွာရှိ ဉဏ္ဏလုံမွေရှင်တော် သဘာဝလိုဏ်ဂူဘုရား တို့တွင်ခေတ္တယာယီပိတ်ထားကြောင်း သိရသည်။
နမ့်စန်တွင် COVID-19 ရောဂါကာကွယ်တားဆီး ထိန်းချုပ်နိုင်ရေးအတွက် မြို့ဝင်ဂိတ်များတွင် ကျန်းမာရေး စစ်ဆေးခြင်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိ
Mar 31,2020
ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ်တွင် ကိုရိုနာဗိုင်းရပ်စ်(Covid-19)ကူးစက်ပြန့်ပွားမှု ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ် COVID-19 ကာကွယ်ထိန်းချုပ် ကုသရေးဦးစီး ကော်မတီ၏ ဦးဆောင်ညွှန်ကြားမှုဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မိုးနဲ−နမ့်စန်၊ ခိုလမ်−နမ့်စန်နှင့် လွိုင်လင်−နမ့်စန် မြို့ဝင်နေရာများတွင် မြို့တွင်းသို့ ဖြတ်သန်းသွားလာနေသော ခရီးသွားပြည်သူများအားလုံးကို ကိုယ်အပူချိန်တိုင်းတာခြင်း နှင့် ကျန်းမာရေး စစ်ဆေးခြင်း လုပ်ငန်းများကို မတ်လ ၂၈ ရက် နံနက်ပိုင်းမှစတင်၍ နေ့စဉ် အရှိန်အဟုန်မြှင့် ဆောင်ရွက်နေကြောင်းသိရသည်။