သတင်းများ

ကြည့်မြင်တိုင်မြို့နယ်အတွင်းရှိ ၅ နှစ်​အောက် က​လေးငယ်များအား အာဟာရဖွံ့ဖြိုးမှုလုပ်ငန်းများ​ဆောင်ရွက်
Aug 06,2020
ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်အတွင်းရှိ အသက် ၅ နှစ်​အောက် က​လေးငယ်များအား အာဟာရဖွံ့ဖြိုးမှုလုပ်ငန်းများ​ ဆောင်ရွက်ခြင်းကို ယမန်​နေ့ နံနက်ပိုင်းက မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန လက်အောက်ရှိ ကျန်းမာရေးဌာနအသီးသီးတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်​ရေး ညွှန်ကြားချက်များနှင့် အညီ ဆောင်ရွက်ခဲ့​ကြောင်း သိရှိရသည်။
ပုသိမ်မြို့နယ်တွင် ပထမအကြိမ် မဲစာ ရင်းများကို ကပ်ထားမှုကို လာရောက်ကြည့်ရှု
Aug 06,2020
၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေ​​​ထွေရွေးကောက်ပွဲကို လာမည့် နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပတော့မည်ဖြစ်သည်။ ဧရာဝတီတိုင်း​ဒေသကြီး ပုသိမ်မြို့နယ်တွင် ပထမအကြိမ် အဖြစ် ရပ်ကွက်/ကျေးရွာ ကော်မရှင်ရုံးများတွင် မဲစာရင်းများကို ဇူလိုင် ၂၅ ရက်နေ့ နံနက်ပိုင်းမှ စတင်ကာ သြဂုတ်လ ၇ ရက်​နေ့အထိ ရပ်ကွက်/ကျေးရွာများရှိ အုပ်ချုပ်​ရေး ရုံးများတွင် ကပ်ထားရာ လာ​ရောက်ကြည့်ရှုသူများရှိသည်။
ကျေးသီးမြို့နယ် စည်ပင်သာယာစျေး၌ ရွေးကောက်ပွဲဆိုင်ရာ ပညာပေးလက်ကမ်း စာစောင်နှင့် ပိုစတာများ ဖြန့်ဝေ ခြင်းနှင့်မဲ စာရင်းသွားရောက်ကြည့်ရှုရန်နိုးဆော်ခြင်း ဆောင်ရွက်
Aug 06,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ်စည်ပင်သာယာစျေး၌ ရွေးကောက်ပွဲ ဆိုင်ရာ ပညာပေး လက်ကမ်း စာစောင်နှင့်ပိုစတာများဖြန့််ဝေခြင်းနှင့် မဲစာရင်း သွားရောက်ကြည့်ရှုရန် နှိုးဆော်ခြင်းကို ယနေ့နံနက်(၇)နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ပူတာအိုမြို့နယ်အဆင့် ရွေးကောက်ပွဲဆိုင်ရာလုံခြုံရေးစီမံခန့်ခွဲမှုကော်မတီ လုပ်ငန်းညှိနှိုင်း စည်းဝေး
Aug 06,2020
၂၀၂၀ ပြည့်နှစ် နို၀င်ဘာ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မြို့နယ်အဆင့် ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေး စီမံခန့်ခွဲမှုကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဩဂုတ်(၅)ရက် နံနက်(၁၀) နာရီတွင် ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ကျင်းပသည်။
ပေါင်းတည်မြို့နယ်တွင် လတ်တလော အော့အန်ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားခဲ့၍  သက်ဆိုင်ရာ တာဝန်ရှိသူများမှ ကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်
Aug 06,2020
ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်တွင် ဩဂုတ်လ (၄) ရက်နေ့ ညနေပိုင်းက မင်းကွက်(၁) ရပ်ကွက် စည်ပင်ဝန်းအတွင်း နေထိုင်သူ အများစုမှာ
မိုင်းဖြတ်၌ ၂၀၂၀ပြည့်နှစ် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ အောင်စာရင်းများ စနစ်တကျထုတ်ပြန်နိုင်ရေး လုပ်ငန်း ညှိနှိုင်း ဆွေးနွေး
Aug 06,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် ၂၀၂၀ပြည့်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာ ရင်းများကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနကထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာ ကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျထုတ်ပြန်ကြေညာနိုင်ရေးအတွက် သြဂုတ်လ ၅ရက် နံနက် ၁၀နာရီက လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ကျင်းပပြုလုပ်ခဲ့သည်။
မရမ်းကုန်းမြို့နယ်၏ စီမံကိန်းလုပ်ငန်းဖြစ်သော ရေမြောင်းတူးဖော်ဖောက်လုပ်ခြင်း လုပ်ငန်းပြီးစီးမှု အခြေအနေကွင်းဆင်းကြည့်ရှုစစ်ဆေး
Aug 06,2020
မိုးရာသီကာလအတွင်း ရေမြောင်းများ ရေးစီးရေလာ ကောင်းမွန်စေရေးနှင့် လမ်းများပေါ်သို့ ရေလျှံခြင်း တို့မှ ကင်းဝေးစေရေးအတွက် ရန်ကုန်အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ်၏ စီမံကိန်းလုပ်ငန်းဖြစ် သော အမှတ်(၁)ရပ်ကွက်ရှိ ရွှေတစ်ဆုပ်လမ်းနှင့် ခိုင်ရွှေဝါလမ်းများရှိ ရေမြောင်းများ တူးဖော်ဖောက် လုပ်ခြင်းလုပ်ငန်းများ၏ ပြီးစီးအခြေအနေများအား ယမန်နေ့ နံနက်ပိုင်းက အမှတ်(၁)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရန်ရှင်းနှင့် တာဝန်ရှိသူများ လိုက်ပါကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြရာ အဆိုပါ ရေမြောင်းဆောင်ရွက်မှုမှာ ယခုအချိန်တွင် ၇၀ ရာခိုင်းနှုန်းပြီးစီးပြီး ဆက်လက်လုပ်ဆောင်ရန်လို အပ်သည်များအား ဆွေးနွေးညှိနှိုင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
လှိုင်းဘွဲမြို့နယ်တွင် လင်းနို့ဂူဩဂဲနစ်သဘာဝမြေဩဇာ ထောက်ပံ့ပေးအပ်ပွဲ ပြုလုပ်
Aug 06,2020
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် ဒေသနေပြည်သူများ ဝင်ငွေလျော့နည်းလာမှုနှင့် စားဝတ်နေရေးအခက်အခဲများကို ရင်ဆိုင်ကျော်လွှားနိုင်ရန်အတွက် ကိုဗစ်-၁၉ ကာလ စီးပွားရေး ကုစားမှုအစီအစဉ်အရ ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့သော လင်းနို့ဂူဩဂဲနစ် သဘာဝမြေဩဇာထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။