သတင်းများ

မိုးညိုမြို့နယ်တွင် ကိုရိုနာဗိုင်းရပ်(စ်) ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်
Mar 19,2020
ပဲခူးတိုင်းဒေသကြီး၊ မိုးညိုမြို့နယ်တွင် ကိုရိုနာဗိုင်းရပ်(စ်) အဆုတ်ရောင်ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး အတွက် မြို့နယ် ဆရာဝန်ကြီး ဒေါက်တာကျော်မိုး၏ ဦးဆောင်မှုဖြင့် ကျန်းမာရေးမှူးများ၊ ကျန်းမာရေးဆရာ/ ဆရာမ များက ယနေ့နံနက် ၈ နာရီက ဗိုလ်ချုပ်အောင်ဆန်း လမ်းမကြီးနှင့် စည်ပင်သာယာ စျေးအတွင်း တို့၌ လက်ကမ်း စာစောင်များ ဖြန့်ဝေပေးခြင်း၊ အများပြည်သူမြင်နိုင်သော နေရာများတွင် စတေကာများ ကပ်ပေးခြင်းနှင့် ကိုရိုနာ ဗိုင်းရပ်(စ်) ကြိုတင်ကာကွယ်ရေး အသိပညာပေး ပြောကြားခြင်းအား ဆောင်းဘောက်(စ်) ဖွင့်လှစ်ပေးခြင်း များ ဆောင်ရွက်ခဲ့သည်။
နောင်ချို၌ သက်ကြီးရွယ်အို စောင့်ရှောက်ရေး ဆေးခန်းဖွင့်လှစ်၍ ကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်ပေး
Mar 19,2020
ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၊ ကျန်းမာရေးဦးစီးဌာန မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ ကိုကို၏ ဦးဆောင်မှုဖြင့် သက်ကြီးရွယ်အို စောင့်ရှောက်ရေးဆေးခန်း ဖွင့်လှစ်ပေးခြင်းကို အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ပြည်သူ့ဆေးရုံ၌ ဆောင်ရွက်လျက်ရှိပါသည်။
မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ကိုရိုနာဗိုင်းရပ်စ် ရောဂါဖြစ်ပွားမှု ထိန်းချုပ်ကာကွယ်ရေး လုပ်ငန်းများဆောင်ရွက်နိုင်ရေးအတွက် အစည်းအဝေးဆောင်ရွက်
Mar 19,2020
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ကိုရိုနာဗိုင်းရပ်စ် (COVID-19) ရောဂါဖြစ်ပွားမှု ထိန်းချုပ်ကာကွယ်ရေး လုပ်ငန်းများကို စဉ်ဆက်မပြတ် လုပ်ဆောင်လျက်ရှိရာ အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရေးအတွက် အစည်အဝေးကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မြစ်ကြီးနား လေဆိပ်သို့ ခွဲစိတ်ခန်းသုံး နှာခေါင်းစည်း Surgical Mask နှင့် ပိုးသတ်ဆေးဘူးများလှူဒါန်း
Mar 19,2020
မြစ်ကြီးနားလေဆိပ်သို့ ခွဲစိတ်ခန်းသုံး နှာခေါင်းစည်း Surgical Mask နှင့် ပိုးသတ်ဆေးဘူးများကို ယမန်နေ့ နံနက်ပိုင်းတွင် SPIC/ACHC ကုမ္ပဏီမှ လှူဒါန်းခဲ့ကြောင်း သိရသည်။
တနင်္သာရီမြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်ပါက အရေးပေါ်အသုံးပြုရန် သံခွံစက်လှေ (နှစ်) စီးလွှဲပြောင်းပေးအပ်
Mar 19,2020
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်ပါက ‌ဘေးသင့်ပြည်သူများကို ကယ်ဆယ်ရန်နှင့် ကယ်ဆယ်ရေးပစ္စည်းများကို အလွယ်တကူ ထောက်ပံ့ပို့ဆောင်ရာမှာ အရေးပေါ်အသုံးပြုရန်အတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ရန်ပုံငွေဖြင့် ထူးထက်ရှိန် ကုမ္ပဏီမှတာဝန်ယူ တည်ဆောက်ပြီးခဲ့သော သံခွံစက်လှေ(၂)စီး အား မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီထံသို့ လွှဲပြောင်းပေးအပ်ပွဲအခမ်း အနားကို ယမန်နေ့ နံနက် (၁၁) နာရီအချိန်က တနင်္သာရီမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမအတွင်းကျင်းပရာ အခမ်းအနားသို့ မြိတ်ခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ချိုနှင့်ဝန်ထမ်းများ၊ မြို့နယ်သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးစိုးဝင်းနိုင်နှင့် ကော်မတီဝင်မြို့နယ်ဌာနဆိုင်ရာ ဦးစီးမှူးများ၊ ရပ်မိရပ်ဖများနှင့် မြို့နယ်ကြက်ခြေနီကော်မတီဥက္ကဋ္ဌနှင့် ထူးထက်ရှိန်ကုမ္ပဏီပိုင်ရှင် ဦးတင်ရှိန်စသဖြင့် (၂၅) ဦး တက်ရောက်ခဲ့သည်။
တောင်ဥက္ကလာပမြို့နယ်၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်ရန် ပညာပေး လက်ကမ်း စာစောင်များဖြန့်ဝေ
Mar 19,2020
တောင်ဥက္ကလာပမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ အေးအေးမိုး၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဝန်ထမ်းများနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များက
မကွေးတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ထီးလင်းမြို့နယ်ရှိ ဝန်ထမ်းများနှင့် တွေ့ဆုံ
Mar 19,2020
မကွေးတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးထင်အောင်သည် ယမန်နေ့ မွန်းတည့် ၁၂ နာရီက ဂန့်ဂေါခရိုင် ထီးလင်းမြို့ မြို့နယ်စည်ပင်သာယာရေး အဖွဲ့ရုံး၌ ဝန်ထမ်းများနှင့် တွေ့ဆုံသည်။
သာယာဝတီမြို့နယ်၌ ကိုရိုနာဗိုင်းရပ်(စ်) ကြိုတင်ကာကွယ်ထိန်းချုပ်ရေး ကျန်းမာရေး အသိပညာပေးလုပ်ငန်းများဆောင်ရွက်
Mar 19,2020
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် သာယာဝတီမြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ကြက်ခြေနီတပ်ဖွဲ့များ ပူးပေါင်း၍ ယနေ့နံနက် ၉ နာရီခွဲအချိန်တွင် ကိုရိုနာ ဗိုင်းရပ်(စ်) COVID-19 ကို ကြိုတင်ကာကွယ်၊ ထိန်းချုပ်နိုင်ရေး ကျန်းမာရေးအသိပညာပေး လုပ်ငန်းများကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။