သတင်းများ

မောက်မယ်မြို့နယ်၌ မိုးဆက်တိုက်ရွာသွန်းမှုကြောင့် မြေနှိမ့်ပိုင်း လူနေအိမ်များအတွင်း ရေများဝင်ရောက်
Oct 02,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ မိုးဆက်တိုက်ရွာသွန်းမှုကြောင့် နမ့်ယွမ်းချောင်းရေမြှင့်တက်ပြီး ရေကြီးရေလျှံမှုဖြစ်ကာ ရပ်ကွက်များအတွင်းရှိ မြေနှိမ့်ပိုင်းနေအိမ်အချို့တွင် စက်တင်ဘာလ ၃၀ ရက်နေ့ ညနေ ၃ နာရီခန့်က  ရေနှစ်မြုပ်ခဲ့ပြီး တံတားတစ်စင်းသည်လည်း ကျောက်စီနံရံပြိုကျခဲ့ကြောင်း သိရသည်။
မရမ်းကုန်းမြို့နယ်တွင် မဲဆန္ဒရှင်ပြည်သူများစာရင်းကို ရပ်ကွက်များအလိုက်စတင်ကြေညာ
Oct 02,2025
ရန်ကုန်တိုင်းဒေသကြီး၊မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ်တွင် ၂၀၂၅ ခုနှစ်အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ပြည်သူများ၏ မဲစာရင်းများကို ပထမအကြိမ် ရပ်ကွက်များအလိုက် ကပ်ထားကြေညာခြင်းကို စက်တင်ဘာလ ၃၀ ရက်နေ့ နံနက် ၈ နာရီအချိန်မှ စတင်ကပ်ထားခဲ့ကြောင်း သိရသည်။
မအူပင်တက္ကသိုလ်၌ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အာစရိယပူဇော်ပွဲ အခမ်းအနားကျင်းပ
Oct 02,2025
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ မအူပင်တက္ကသိုလ်၌ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အာစရိယပူဇော်ပွဲအခမ်းအနားအား အောက်တိုဘာ ၂ ရက်နေ့ နံနက်ပိုင်းက အဆိုပါတက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပပြုလုပ်သည်။
လဟယ်မြို့တွင်အသက်‌ မွေးဝမ်း‌ကြောင်းအထောက်အကူပြု အခြေခံ(ဆိုင်ကယ်ပြင်)သင်တန်းဆင်းပွဲ ကျင်းပ
Oct 02,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် သမဝါယမနှင့်ကျေးလက်လက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ လဟယ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့မှ ဖွင့်လှစ်ခဲ့သည့် အသက်မွေးဝမ်း‌ကြောင်း အထောက်အကူပြုအခြေခံ(ဆိုင်ကယ်ပြင်) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်(၀၉း၀၀)နာရီအချိန် လဟယ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု(ဗဟို)ဌာန(Community Centre)ခန်းမ၌ ကျင်းပပါသည်။
နာဂဒေသဦးစီးအဖွဲ့နှင့် ဒေသ/မြို့နယ်အဆင့်ဌာနဆိုင်ရာများ (၆/၂၀၂၅)လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Oct 02,2025
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့တွင်နာဂဒေသဦးစီးအဖွဲ့နှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီ၀င်များ၊ ဒေသအဆင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၆/၂၀၂၅) ကို အောက်တိုဘာလ ၁ ရက်နေ့ မွန်းလွဲ ၂ နာရီက နာဂဒေသ ဦးစီးအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ချောင်းဆုံမြို့နယ်၌ မဲဆန္ဒရှင်စာရင်းများကြေညာထားရှိမှုအခြေအနေများကို တာဝန်ရှိသူများမှ ကွင်းဆင်းကြည့်ရှု
Oct 02,2025
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်အတွင်း ၂၀၂၅ ခုနှစ် ဒီဇင်ဘာ(၂၈)ရက်၌ ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် ပြည်သူများမဲပေးနိုင်ရေးအတွက် စက်တင်ဘာလ (၃၀)ရက်နေ့က မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာကော်မရှင်အဖွဲ့ခွဲရုံးများတွင် မဲဆန္ဒရှင် စာရင်းများကို ကြော်ငြာဘုတ်များဖြင့် ကြေညာထားခြင်းနှင့် မဲဆန္ဒရှင်များမှ လာရောက်ကြည့်ရှုနေမှု အခြေအနေများကို တာဝန်ရှိသူများမှ ကွင်းဆင်းကြည့်ရှုခဲ့ကြသည်။
သာယာဝတီမြို့၌ မဲဆန္ဒရှင် လူဦးရေစာရင်းများအား ပြည်သူများ လာရောက်ကြည့်ရှု
Oct 02,2025
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့၌ မကြာမီကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ အထွေထွေ ရွေးကောက်ပွဲတွင်အသက်၁၈နှစ် ပြည့်ပြီးသူတိုင်း ဆန္ဒမဲပေးနိုင်ခွင့်ရှိစေရန်ရည်ရွယ်၍ မြို့နယ်အတွင်းရှိ မဲဆန္ဒရှင်စာရင်းများကို ရပ်ကွက်၊ ကျေးရွာကော်မရှင်အဖွဲ့ခွဲရုံးများတွင် စက်တင်ဘာလ ၃၀ ရက်နေ့ နံနက်ပိုင်းမှစ၍ တပြိုင်နက်တည်း ထုတ်ပြန် ကြေညာထားရာ ဒေသခံပြည်သူများ မဲဆန္ဒရှင်စာရင်းများကို လာရောက်ကြည့်ရှုလျက်ရှိကြောင်း သိရသည်။
ကွမ်းခြံကုန်းမြို့နယ်တွင် ၂၀၂၅ ခုနှစ် အထွေထွေရွေးကောက်ပွဲအတွက် မဲစာရင်းများကို ဒုတိယအကြိမ် ကပ်ထားကြေညာ
Oct 02,2025
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်တွငိ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် မဲစာရင်းများအား ပထမအကြိမ် ကပ်ထားကြေညာခြင်းကို အောက်တိုဘာလ ၁ ရက်နေ့နံနက်ပိုင်းမှစ၍ ရပ်ကွက်/ကျေးရွာ အုပ်စုကော်မရှင်အဖွဲ့ခွဲ ရုံးများတွင် စတင်ကပ်ထားကြေညာထားကြောင်း သိရသည်။