မြဝတီမြို့၌ အစိုးရပါဠိပထမပြန်စာမေးပွဲ ဆက်လက်ကျင်းပ
Mar 31,2026
ကရင်ပြည်နယ် မြဝတီခရိုင် မြဝတီမြို့နယ်တွင် သာသနာရေးနှင့်ယဥ်ကျေးမှုဝန်ကြီး ဌာန၊သာသနာရေးဦးစီးဌာနမှ ကြီးမှူး ကျင်းပသည့် ၂၀၂၆ ခုနှစ်၊ အစိုးရပါဠိ ပထမပြန်စာမေးပွဲ တတိယနေ့ကို ရှေးဟောင်းသမိုင်းဝင် ရွှေမြင်းဝန်စေတီတော်အတွင်းရှိ သာသနာ့ဟိတကာရီ ဗိမာန်တော်စာဖြေဌာန၌ ယနေ့ မွန်းတည့် ၁၂ နာရီက အဘိဓမ္မတ္ထသင်္ဂဟ ဘာသာရပ်ကို ဆက်လက်ဖြေဆိုသည်။