ငပုတောမြို့၌ မြို့နယ်စဉ်ဆက်ပညာရေးလုပ်ငန်း မြို့နယ်အဆင့် နည်းပြသင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပ
Feb 03,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့၌ စဉ်ဆက်ပညာရေးလုပ်ငန်း မြို့နယ်အဆင့် နည်းပြသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ငပုတောမြို့၊ အမအခြေခံပညာအထက်တန်းကျောင်း၊ နဝရတ်ခန်းမတွင်ကျင်းပခဲ့ရာ အခမ်းအနားသို့ မြို့နယ်စဉ်ဆက်ပညာရေးလုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် သင်တန်းသား၊ သင်တန်းသူ ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြသည်။