သတင်းများ

လောင်းလုံးမြို့နယ်၌ ရက်(၁၀၀) စီမံချက်ဖြင့် မျိုးစေ့ချကိရိယာ (Seeder) အသုံးပြုစိုက်ပျိုးခြင်း နည်းပညာပေး သင်တန်းဖွင့်လှစ်
May 16,2026
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနမှ ယနေ့နံနက် ၉ နာရီအချိန်က ရက်(၁၀၀)စီမံချက်ဖြင့် မိုးစပါးစိုက်ပျိုးသော တောင်သူများအား မျိုးစေ့ချကိရိယာဖြင့် စိုက်ပျိုးခြင်း နည်းပညာပေးသင်တန်းကို ထားဝယ်ခရိုင် ဦးစီးမှူးရုံးအစည်းအဝေးခန်းမ၌ ဖွင့်လှစ်ခဲ့ရာ တောင်သူ ၄၅ ဦးတက်ရောက်သည်။
အောင်လံမြို့နယ်၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်းများ၏ ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲ အခမ်းအနား ကျင်းပ
May 16,2026
မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးမှူး၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများအတွက် ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နေ့လယ် ၃ နာရီတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ရှေးဦးကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ(ဆင့်ပွား)ဆွေးနွေးပွဲ ပြုလုပ်ဆောင်ရွက်လျက်ရှိ
May 16,2026
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ၂၀၂၆ -၂၀၂၇ ပညာသင်နှစ်အတွက် KG နှင့် Grade-1 သင်နည်းစနစ်နှင့် မူကြိုသင်ပြနည်းစနစ်ကို ချိတ်ဆက်ဆောင်ရွက်နိုင်ရေးအတွက် ရှေးဦးကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ(ဆင့်ပွား)ဆွေးနွေးပွဲ သင်တန်းကို လှိုင်းဘွဲမြို့ အခြေခံပညာအထက်တန်းကျောင်း၌ မေလ(၁၄)ရက်နေ့မှ (၂၄)ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
ပေါင်မြို့နယ် သစ်တောဦးစီးဌာနမှ ရက်(၁၀၀)စီမံချက်ဖြင့် ရေသယံဇာတထိန်းသိမ်းရေးနှင့် ရေချွေတာသုံးစွဲရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်
May 16,2026
မွန်ပြည်နယ်၊ ပေါင်မြို့နယ် သစ်တောဦးစီးဌာနမှ ရက်(၁၀၀)စီမံချက်ဖြင့် ရေသယံဇာတထိန်းသိမ်းရေးနှင့် ရေချွေတာသုံးစွဲရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက အလှပ်ကျေးရွာအုပ်စု၊ ဆယ်အိမ်စုရပ်ကွက်၊ ဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်ခဲ့ရာ သစ်တောဦးစီးဌာနမှ တောအုပ်ကြီး ဦးဇော်လွင်ဦးနှင့်ဝန်ထမ်းများ၊ ကျေးရွားသူ၊ ကျေးရွာသားများ တက်ရောက်ခဲ့ကြသည်။
မိုင်းယုမြို့၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ လူရည်ချွန်ဂုဏ်ပြုပွဲနှင့် အတွေ့အကြုံရှင်းလင်းပွဲ ကျင်းပ
May 16,2026
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ လူရည်ချွန်ဂုဏ်ပြုပွဲနှင့် အတွေ့အကြုံရှင်းလင်းပွဲကို ယနေ့နံနက်ပိုင်း မြို့မရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်သည်။
လေရှီးမြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးစားမှုနှင့်တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် မြို့နယ်အဆင့် ပန်းချီ၊ ကာတွန်းနှင့်ပိုစတာပြိုင်ပွဲများကျင်းပ
May 16,2026
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့၊ အထကကျောင်း၊ သပြေဆောင်၌ ယနေ့ညနေ (၃) နာရီအချိန်က အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွှဲသုံးစားမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် မြို့နယ်အဆင့် ပန်းချီ၊ ကာတွန်းနှင့် ပိုစတာပြိုင်ပွဲများကျင်းပခဲ့ကြောင်း သိရသည်။
မောက်မယ်မြို့နယ်၌ နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀) စီမံချက်ဖြင့် ကျေးရွာမြေငှားဂရန်များနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများပေးအပ်ပွဲ အခမ်းအနားကျင်းပ
May 16,2026
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်တွင် အများပြည်သူများ၏ အခြေခံ လိုအပ်ချက်အရရှေးရှု၍ နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)စီမံချက်ဖြင့် ကျေးရွာမြေငှားဂရန်များနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နေ့လယ် ၁၁ နာရီတွင် ဟိုနမ့်ကျေးရွာအုပ်စု စျေးကုန်းကျေးရွာ ခန်းမဆောင်တွင်ကျင်းပကြောင်း သိရသည်။
လေရှီးမြို့၌ ‌လူရည်ချွန်မောင်မယ်များအား ကြိုဆိုဂုဏ်ပြု
May 16,2026
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှီးမြို့တွင် လူရည်ချွန်အပန်း‌ဖြေစခန်းမှပြန်လာသော လေရှီးမြို့ကိုယ်စားပြုဗဟိုအဆင့် လူရည်ချွန် Grade- 11 (A)မှ မောင်ရှူ‌သောမူ နှင့် မအေးငြိမ့်ငြိမ့်စံတို့အား ယနေ့မွန်းလွဲ (၃) နာရီခွဲအချိန်က မြို့နယ်ပညာ‌ရေးမှူးရုံးအရှေ့တွင် လေရှီးမြို့နယ် တိုင်းဒေသကြီးလွတ်တော်ကိုယ်စားလှယ် ဒေါ်ဆန်းစစ်ရှီး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး‌ကော်မတီဥက္ကဋ္ဌ ဦးဝင်းမောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများနှင့်ဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ညွယ်သီးချယ်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးနှင့် ကျောင်း‌ဆရာ/မများ၊ ကျောင်းသား/သူများ၊ မိဘများက ပန်းစည်း၊ ပန်းကုံးများဖြင့် ကြိုဆိုဂုဏ်ပြုခဲ့ကြသည်။