သတင်းများ

ရွှေကျင်မြို့တွင် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြသခြင်းဆောင်ရွက်ပေး
Feb 03,2025
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်တွင် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြသခြင်းကို ယနေ့နံနက်(၁၀)နာရီက ကျွဲတဲရပ်ကွက် အခြေခံပညာမူလတန်း(လွန်)ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
လွိုင်ကော်မြို့၌ ယခင်ကောက်ယူထားသည့် eID အိမ်ထောင်စုလူဦးရေစာရင်းအား လက်ရှိအခြေအနေ ကိုက်ညီမှန်ကန်ရေး မြေပြင်နှင့်တိုက်ဆိုင်စစ်ဆေးခြင်းနှင့် အိမ်ထောင်စုအလွတ်ဖြင့် ကောက်ယူခြင်း သင်တန်းပို့ချ
Feb 03,2025
ယခင်ကောက်ယူထားသည့် eID အိမ်ထောင်စုလူဦးရေစာရင်းအား လက်ရှိအခြေအနေ ကိုက်ညီမှန်ကန်ရေး မြေပြင်နှင့်တိုက်ဆိုင်စစ်ဆေးခြင်းနှင့် အိမ်ထောင်စုအလွတ်ဖြင့် ကောက်ယူခြင်း သင်တန်းပို့ချခြင်းကို ယနေ့နံနက်ပိုင်းက လွိုင်ကော်မြို့ ၊ မြို့နယ်ခန်းမ၌ ပြုလုပ်ခဲ့သည်။
ရမည်းသင်းမြို့နယ်လုံးဆိုင်ရာ အကြိမ်(၃၀)မြောက် ပရိယတ္တိသာသနာနုဂ္ဂဟစာမေးပွဲ ပထမနေ့ဖြေဆို
Feb 03,2025
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ် ဩဝါဒါစရိယဆရာတော်ကြီးများ ကြီးမှူးကျင်းပသည့် ၂၀၂၅ ခုနှစ်၊ ရမည်းသင်းမြို့နယ်လုံးဆိုင်ရာ အကြိမ် (၃၀) မြောက်  ပရိယတ္တိသာသနာနုဂ္ဂဟစာမေးပွဲ  ဒုတိယနေ့ကို ဖေဖော်ဝါရီ  ၃ ရက် မွန်းတည့် ၁၂ နာရီက ရမည်းသင်းမြို့ သာသနာ့ဂုဏ်ရောင်ဓမ္မဗိမ္မာန်တော်ကြီးတွင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
ဘိုကလေးမြို့နယ်တွင် မီးဘေးလုံခြုံရေး အသိပညာပေးဟောပြော၍ ဇာတ်တိုက်လေ့ကျင့်
Feb 03,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်ရှိ ဗမာပြည်သားဆန်စက်တွင် ယနေ့နံနက်(၉)နာရီအချိန်၌ မြို့နယ်မီးသတ်တပ်ဖွဲ့က မီးဘေးလုံခြုံရေးအတွက် အသိပညာပေး ဟောပြောခြင်း၊ အသိပညာပေး လက်ကမ်းစာစောင်များ ဝေငှခြင်း၊  ဇာတ်တိုက်လေ့ကျင့်မှုနှင့်အတူ သရုပ်ပြဆောင်ရွက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။
ကလောမြို့နယ်၌ တက္ကသိုလ်ဝင်တန်းအောင်ချက်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ
Feb 03,2025
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ အောင်ပန်းမြို့ အမှတ် (၅) အခြေခံပညာအထက်တန်းကျောင်း၌ ယမန်နေ့ နံနက် ၉ နာရီက တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပခဲ့ရာ ကလောခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့်ပညာရေးမှူးများ၊ ကျောင်းအုပ်ဆရာ၊ ဆရာမကြီးများနှင့်‌ ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဘားအံစက်မှုဇုန်၌ သစ်ပါးလွှာ စက်ရုံဖွင့်လှစ်
Feb 03,2025
(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ကံကောင်းခြင်းရတနာ ထုတ်လုပ်မှုလုပ်ငန်းကုမ္ပဏီ၏ သစ်ပါးလွှာစက်ရုံဖွင့်ပွဲကို ယနေ့နံနက် ၇ နာရီခွဲက ဘားအံစက်မှုဇုန်ရှိ အဆိုပါသစ်ပါးလွှာစက်ရုံ၌ ကျင်းပခဲ့သည်။
ရတနာပုံတက္ကသိုလ်၌   အဆင့်မြင့်ပညာအဆင့် လူရည်ချွန်ရွေးချယ်ရေး ပထမအဆင့် ရေးဖြေစာမေးပွဲ ကျင်းပ
Feb 03,2025
အမရပူရမြို့နယ်ရှိပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာ၊ ရတနာပုံတက္ကသိုလ်တွင် ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီး ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ပထမနှစ် နေ့သင်တန်းတွင် တက်ရောက်လျက်ရှိသော ကျောင်းသား၊ ကျောင်းသူများအား အဆင့်မြင့်ပညာအဆင့် လူရည်ချွန်ရွေးချယ်ရေး ပထမအဆင့် ရေးဖြေစာမေးပွဲကို ယနေ့ နံနက် ၉ နာရီက အဆိုပါတက္ကသိုလ်ရှိ အဆောင်-၃၁ ၌ ကျင်းပပြုလုပ်ခဲ့သည်။
မြစ်သားမြို့နယ် ကူမဲမြို့အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များသို့ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးကွင်းဆင်းဆောင်ရွက်
Feb 03,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်၊ ကူမဲမြို့အတွင်း ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍  မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြင့်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက မြစ်သားမြို့နယ်၊ ကူမဲမြို့အတွင်းရှိ စက်သုံးဆီ အရောင်းဆိုင်ကြီးများသို့ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။