ဘုတ်ပြင်းမြို့၌ အသက်(၂)နှစ်အောက် ကလေးငယ်များကို ပုံမှန်ကာကွယ်ဆေးထိုးနှံ၊ တိုက်ကျွေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ်ဆေးထိုးနှံပေး

တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းမြို့နယ်တွင် မွေးကင်းစမှ (၂)နှစ်အောက် ကလေးငယ်များ ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်း၊ တိုက်ကျွေးခြင်း၊ ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့နံနက်က မြို့နယ် မိခင်နှင့်ကလေးကျန်းမားရေးဌာန ဆေးပေးခန်းတွင် ဆောင်ရွက်ပေးလျက်ရှိသည်။

မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ (၇၅)နှစ်မြောက် စိန်ရတုအကြို ပြည်သူအကျိုးပြုလုပ်ငန်းများ ဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုအကြို မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ထီးချိုင့်မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဖြိုးညွန့်မောင်နှင့် တပ်ဖွဲ့ဝင်အင်အား(၂၀)ဦးမှ ယနေ့နံနက်(၉)နာရီအချိန်ခန့်က ပြည်သူအကျိုးပြု လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဘူးသီးတောင်မြို့နယ်၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း မြို့နယ်အဆင့် သုံးသပ်ဆွေးနွေးပွဲနှင့် စံပြ မြစိမ်းရောင် စီမံကိန်းကျေးရွာ ရွေးချယ်ခြင်းအခမ်းအနားကျင်းပ

မြစိမ်းရောင်ကျေးရွာစီမံကိန်း မြို့နယ်အဆင့် သုံးသပ်ဆွေးနွေးပွဲနှင့် စံပြမြစိမ်းရောင်စီမံကိန်းကျေးရွာ ရွေးချယ်ခြင်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ဘူးသီးတောင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။

ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ဆေး ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးလျက်ရှိ

ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ၏ စီမံဆောင်ရွက်မှုဖြင့် ရဟန်းသံဃာများ ဘာသာရေးအသင်းအဖွဲ့များ နိုင်ငံ့ဝန်ထမ်းများ စေတနာ့ဝန်ထမ်း များနှင့် အများပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများအား ထိုးနှံပေးလျက်ရှိရာ ဧပြီလ ၄ ရက်နံနက် ၈နာရီအချိန်မှ ပထမအကြိမ် စတင်ထိုးနှံပေးခဲ့ပြီး ယနေ့မေလ ၃ရက်နေ့ နံနက် ၈ နာရီအချိန် တွင် အခြေခံပညာ အထက်တန်းကျောင်း ပညာတန်ဆောင်ခန်းမ၌   ပထမအကြိမ်ထိုးနှံပြီးသူများအား ဒုတိယအကြိမ်ဖြင့် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်  မြစိမ်းရောင်ကျေးရွာစီမံကိန်းငွေကျပ်(၂၉၄)သိန်း ထုတ်ချေးပေးခြင်းအခမ်းအနားကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မှ ၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ်  မြစိမ်းရောင်ကျေးရွာစီမံကိန်း ငွေကျပ်(၂၉၄)သိန်း ထုတ်ချေးပေးခြင်းအခမ်းအနား ကို မေလ ၃ ရက် နံနက်ပိုင်းက ရေဆင်း ကျေးရွာအုပ်စု၊ ကံသာအေးကျေးရွာ၌ကျင်းပခဲ့သည်။      

မြင်းခြံမြို့တွင် ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့တွင် မော်တော်ယာဉ် မောင်းနှင် အသုံးပြုသူများ ယာဉ်အန္တရာယ်ကင်းရှင်းစေရန်အတွက် အမှတ်(၉၅) ယာဉ်ထိန်းတပ်ဖွဲ့မှ အသိပညာပေး လက်ကမ်း စာစောင်များကို ယနေ့နံနက် ၁၀ ၉:၃၀ နာရီ အချိန်က မြင်းခြံမြို့တွင်း ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌဖလား ကလပ်ပေါင်းစုံ အမျိုးသားပိုက်ကျော်ခြင်း ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနား ကျင်းပ

ပဲခူးမြို့ ရွှေမော်ဓောဘုရားလမ်းရှိ တိုင်းဒေသကြီးအားကစားခန်းမ၌ ယမန်နေ့ညနေ ၃ နာရီက ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌဖလား ကလပ်ပေါင်းစုံ အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပခဲ့သည်။

ကျောက်ဆည်မြို့နယ် သစ်တောဦးစီးဌာနမှ ပျိုးပင်ပေါင်း(၅)သောင်း ပျိုးထောင်ထားပြီး လူထုထံသို့ အခမဲ့ဖြန့်ဝေသွားမည်ဖြစ်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်အတွင်းရှိ ရပ်ကွက်၊ကျေးရွာများမှ ပြည်သူများ၊ ဌာန ဆိုင်ရာရုံးများနှင့် သာသနာ့နယ်မြေများအတွင်း စိုက်ပျိုးရန်အတွက် မြို့နယ်သစ်တောဦးစီးဌာနမှ ပျိုးပင်ပေါင်း (၅)သောင်း ပျိုးထောင်ထားပြီး လူထုထံသို့ အခမဲ့ ဖြန့်ဝေသွားမည်ဖြစ်ကြောင်း ကြောင်းသိရှိ ရသည်။

ပုသိမ်မြို့ ဘက်စုံလူမှုကူညီရေးအဖွဲ့က သောက်သုံးရေများ ကျေးရွာများအရောက် သွားရောက်လှူဒါန်း

ပုသိမ်-မော်တင် ကားလမ်းတလျောက်ရှိ ရေပြတ်လပ်လျက်ရှိနေသောစိန်မြတောင်ကျေးရွာ အုပ်စုရှိ ကျေးရွာခွဲ ၅ ရွာသို့ ပုသိမ်မြို့ ဘက်စုံလူမှုကူညီရေးအဖွဲ့မှ ရေသယ် ယာဉ်ဖြင့် ရေ (၃၂၀၀) ဂါလံကို ယမန်နေ့က သွားရောက်ပို့ဆောင်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

မိုင်းတုံမြို့၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ဆိုင်ကယ်ပြင်သင်တန်းဖွင့်လှစ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးမှူး၍ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ဆိုင်ကယ်ပြင်သင်တန်းဖွင့်ပွဲကို ယမန်နေ့မွန်းလွဲ (၂)နာရီက မြို့နယ်ကျေးလက်‌ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင်ကျင်းပခဲ့သည်။
Subscribe to