ကချင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ပြည်နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြီး ဆေးရုံကြီး ဝန်ထမ်းများအတွက် ထောက်ပံ့ငွေများပေးအပ်

ကချင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဧပြီ ၁၂ ရက် မွန်းလွဲ ၁ နာရီတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး မလိခခန်းမ၌ ကျင်းပရာ ပြည်နယ် စီမံအုပ်ချုပ်‌ရေး ကောင်စီဥက္ကဋ္ဌက အမှာစကားပြောကြားသည်။

ကရင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးစောမြင့်ဦး ဘားအံခရိုင် မီးသတ်စခန်းနှင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန (၄)ခန်းတွဲ(၄)ထပ်ဝန်ထမ်းအိမ်ရာ တည်ဆောက်မှု လုပ်ငန်းတို့အား ကြည့်ရှုစစ်ဆေး

ကရင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးစောမြင့်ဦးသည် အဖွဲ့ဝင်(၁)ဗိုလ်မှူးကြီးမျိုးမင်းနောင်၊ အဖွဲ့ဝင် (၄) ဦးစောခင်မောင်မြင့်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့ မွန်းလွဲ ၂ နာရီကျော်ခန့်က ဘားအံမြို့၊ လှာကမြင် (ကွက်သစ်)ရှိ ဘားအံခရိုင်မီးသတ်စခန်းနှင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန (၄)ခန်းတွဲ (၄)ထပ်ဝန်ထမ်းအိမ်ရာ တည်ဆောက်ရေး လုပ်ငန်းခွင်တို့အား သွားရောက်ကြည့်ရှု့ စစ်ဆေးခဲ့ကြသည်။

မကွေးတိုင်းဒေသကြီး မြန်မာရိုးရာ ယာဉ်ကျေးမှု နှစ်သစ်ကူးအတာသင်္ကြန်ပွဲတော် ဖွင့်ပွဲ အခမ်းအနားကျင်းပ

မကွေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီက ကြီးမှူးကျင်းပသည့် မြန်မာရိုးရာ ယာဉ်ကျေးမှု နှစ်သစ်ကူးအတာသင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီက စီမံအုပ်ချုပ်ရေးကောင်စီအိမ်ယာဝန်းတွင် ကျင်းပသည်။

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် မဟာသင်္ကြန်အကြိုနေ့ စတုဒိတာများလှူဒါန်း

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ အမှတ်(၄၁) တိုးချဲ့ ရပ်ကွက်၊ မဟာမြိုင်အိမ်ရာနှင့် တော်ဝင်အိမ်ရာမိသားစုများ စုပေါင်း၍ မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ်၊ တန်ခူးလဆန်း ၂ ရက်၊ ဧပြီလ ၁၃ ရက်နေ့ မဟာသင်္ကြန်အကြိုနေ့တွင် ရပ်ကွက်နေပြည်သူများအား စတုဒိတာအဖြစ် ဆန် (၁)ပြည်၊ ပဲကုလားဟင်း၊ ငပိကြော်နှင့် ကြက်သွန်နီတို့ကို လှူဒါန်းခဲ့ကြသည်။

ပျဉ်းမနားမြို့နယ်အတွင်းရှိ တောင်ပေါ်ကျေးရွာများတွင် ဒေသဆိုင်ရာဖွံ့ဖြိုးရေး လုပ်ငန်းများ ကွင်းဆင်းညှိနှိုင်းဆွေးနွေး၊ ဆိုလာမီးအိမ်များ ထောက်ပံ့ပေးအပ်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ပျဉ်းမနားမြို့နယ် အရှေ့ဘက်ခြမ်းရှိ တောင်ပေါ်ကျေးရွာများတွင်နေထိုင်သည့် ဒေသခံပြည်သူများအား နေပြည်တော်ကောင်စီ အဖွဲ့ဝင် ဦးမြင့်စိုးနှင့် တာဝန်ရှိ သူများသည် ယမန်နေ့က ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်မိ၊ ရပ်ဖများနှင့် တွေဆုံကာ ဒေသဆိုင်ရာဖွံ့ဖြိုးရေးလုပ်ငန်းများကို ကွင်းဆင်းညှိနှိုင်းဆွေးနွေးပြီး ဆိုလာပြားပါ ဆိုလာမီးအိမ်များ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

မြောက်ဦးမြို့၌ သင်္ကြန်ကာလအတွင်း ရှေးဟောင်းသမိုင်းဝင်အထင်ကရ ဘုရား၊ ပုထိုးစေတီများ၌ ဘုရားဖူးပြည်သူများဖြင့်စည်ကား

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့ရှိ အထင်ကရရှေးဟောင်းသမိုင်းဝင်ဘုရား၊  ပုထိုးစေတီများတွင် ယနေ့နံနက်ပိုင်း နှစ်သစ်ကူးအတာသင်္ကြန်အကြိုနေ့၌ မင်းပြား၊ မြေပုံ၊ ကျောက်တော်၊ ပုဏ္ဏားကျွန်းနှင့် စစ်တွေစသော အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာရောက်ကြသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရ သည်။

ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီကြီးမှူးသော ရခိုင်ရိုးရာနံ့သာသွေးပွဲ အခမ်းအနား ကျင်းပ

ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီက ကြီးမှူးကျင်းပသော ရခိုင်ရိုးရာနံ့သာသွေးပွဲကို ယနေ့နံနက်ပိုင်းတွင် စစ်တွေမြို့၊ ဦးဥတ္တမခန်းမ၌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးညွှန်ကြားချက်များနှင့်အညီ ကျင်းပသည်။

မိုင်းယောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများအား နှစ်သစ်ကူးလက်ဆောင်များ ပေးအပ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများအား နှစ်သစ်ကူးလက်ဆောင်များ ပေးအပ်ပွဲကို ဧပြီ ၁၂ ရက် နံနက်ပိုင်းက အဆိုပါရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ကျောက်မဲမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံခြင်းကို သင်္ကြန်ရုံးပိတ်ရက်အတွင်း ခေတ္တနားထားမည်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (ပထမ အကြိမ်)ကို မတ်လ ၁၁ ရက်မှ စ၍ ယနေ့အထိ ထိုးနှံပေးမည်ဖြစ်ပြီး ဧပြီ ၁၃ ရက်နေ့မှစ၍ ဧပြီ ၁၉ ရက်နေ့အထိ သင်္ကြန်ရုံးပိတ်ရက်ကာလအတွင်း ကာကွယ်ဆေးထိုးနှံ‌ပေးခြင်းကို ခေတ္တရပ်နား ထားမည်ဖြစ်ကြောင်း သိရသည်။
Subscribe to