ညောင်ဦးမြို့နယ် ကျေးလက်မြစ်ရေတင် စီမံကိန်းလုပ်ငန်းနှင့်ကျေးလက်ရေရရှိရေး(၁၀) နှစ်စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ဖွံ့ဖြိုး ရေးဦးစီးဌာနမှ နတ်သမီးကမ်းပါးမြစ်ရေတင်စီမံကိန်းဖြင့် မြို့နယ်အတွင်းရှိ ကျေးရွာများ သို့ ရေဖြန့်ဝေပေးလျှက်ရှိကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအေးလွင်ထံကသိရသည်။

မွန်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ မလေးရှားနိုင်ငံမှ ပြန်လည်ရောက်ရှိလာသော မြန်မာနိုင်ငံသား (မွန်ပြည်နယ်သူ/သား) များကို နွေးထွေးစွာ ကြိုဆို

မော်လမြိုင်မတ် ၁၄ မွန်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးဇော်လင်းထွန်း၊ ကောင်စီဝင်များနှင့် သက်ဆိုင်ရာ ဌာနဆိုင်ရာတာဝန်ရှိသူများတို့သည် ယမန်နေ့ မွန်းတည့် ၁၂ နာရီအချိန်က မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် စစ်တောင်းတံတား (မုပ္ပလင်)၌ မလေးရှားနိုင်ငံမှ ပြန်လည်ရောက်ရှိလာသော မြန်မာနိုင်ငံသား (မွန်ပြည် နယ်သူ/သား)များကို နွေးထွေးစွာ ကြိုဆိုခဲ့သည်။ မလေးရှားနိုင်ငံမှ ပြန်လည်ရောက်ရှိလာသော မြန်မာနိုင်ငံသားများ(မွန်ပြည်နယ်သူ/သား)များ ကို မွန်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးဇော်လင်းထွန်း၊ ကောင်စီဝင်များနှင့် တာဝန်ရှိသူများတို့က အစားအစာများ၊ ကိုဗစ်-၁၉ ကာကွယ်ရေးအတွက် ကျန်းမာရေးသုံး ပစ္စည်းများနှင့် ထ

ကျောက်ဆည်မြို့နယ်တွင် မြေဧက သုံးရာကျော် အကျိုးပြုမည့် ကုန်ထုတ်လမ်းဖော်ဆောင်ပေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ကျောက်ဆောက်ကုန်းကျေးရွာတွင် ကျေးလက်နေ ပြည်သူများ လူမှုဘဝမြင့်မားတိုးတက်လာစေရေးအတွက် မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ အနီးကပ်ကြီးကြပ်မှုဖြင့် ကျေးရွာတောင်သူ(၅၀)ဦးခန့်ပိုင်ဆိုင်သော မြေဧက(၃၀၀)ကျော် အကျိုးပြုမည့် ကျေးလက်ကုန်ထုတ်လမ်းတစ်လမ်းအား ၂၀၂၀-၂၀၂၁ခြ ဘဏ္ဍာနှစ်တွင် အကောင်အထည်ဖော် ဆောင်ပေးလျှက် ရှိကြောင်း သိရှိရသည်။

မြစ်ကြီးနားအထွေထွေရောဂါကုဆေးရုံကြီးတွင် ကျန်းမာရေးစောင့်ရှောက်မှုနှင့် ဆေးဝါးကုသမှု လုပ်ငန်းများ ပြန်လည်ဆောင်ရွက်လျက်ရှိသဖြင့် ပြည်သူများယုံကြည်စိတ်ချစွာဖြင့် ဆေးဝါးကုသမှုခံယူ နိုင်ပြီဖြစ်ကြောင်း အသိပေးနှိုးဆော်

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ကုတင် ၅၀၀ အထွေထွေရောဂါကုဆေးရုံကြီးတွင် ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများနှင့် ဆေးဝါးကုသရေးလုပ်ငန်းများ ပြန်လည်ဆောင်ရွက်လျက်ရှိ သဖြင့် ပြည်သူများမှ ယုံကြည်စိတ်ချစွာဖြင့် ဆေးဝါးကုသမှုလုပ်ငန်းများ လာရောက်ခံယူနိုင်ပြီဖြစ် ကြောင်း မိဘပြည်သူများသို့ အသိပေးနှိုးဆော်ခြင်း အခမ်းအနားကို ယမန်နေ့နံနက် ၁၁ နာရီတွင် အဆိုပါ ဆေးရုံဝင်း၌ ကျင်းပပြုလုပ်သည်။

ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြည်နယ်အတွင်းရှိ ခရိုင်(၄)ခရိုင်မှ အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနဝန်ထမ်းများအတွက် အခြေခံစားသောက်ကုန်များထောက်ပံ့ပေးအပ်

ကချင်ပြည်နယ်စီမံအုပ်ချုပ်‌ရေးကောင်စီဥက္ကဋ္ဌက ကချင်ပြည်နယ်အတွင်းရှိ ခရိုင်(၄)ခရိုင်မှအထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများအတွက် အခြေခံစားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲ ကို ယနေ့နံနက် ၁၀ နာရီတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး ဆမားဒူဝါဆင်ဝါးနော်ခန်းမ ၌ ကျင်းပပြုလုပ်သည်။

မဘိမ်းမြို့နယ်တွင် ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး စတင်ထိုးနှံ

          ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် သံဃာတော်များ၊ အသက် ၆၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး စတင်ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၈ နာရီခွဲအချိန်က မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ လူနာစောင့်များနားနေဆောင်၌  စတင်ထိုးနှံပေးလျက်ရှိသည်။

မိုးမိတ်မြို့နယ်တွင် အသက် (၆၅) နှစ် အထက် သက်ကြီးဘိုးဘွားများနှင့် ဌာနဆိုင်ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးစတင်ထိုးနှံပေး

ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင်  မိုးမိတ်မြို့နယ်တွင် ဌာနဆိုင်ရာဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး စတင်ထိုးနှံပေးခြင်းကို မတ်လ ၁၂ ရက် နံနက် ၈ နာရီ အချိန်က မြို့နယ် ပြည်သူ့ဆေးရုံ ၌ စုရပ်ပြုလုပ်၍ ထိုးနှံပေးခဲ့ကြောင်းသိရသည်။

နမ္မတူမြို့နယ်ရှိ ဌာနဆိုင်ရာဝန်ထမ်းများအား ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံပေး

           နမ္မတူမြို့နယ်ရှိ ဌာနဆိုင်ရာဝန်ထမ်းများအား ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံပေးခြင်းကို မတ်လ(၁၁)ရက်နေ့ နံနက် (၉)နာရီအချိန်ခန့်က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊    နမ္မတူမြို့နယ်ရှိ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၌ ဆောက်ရွက်‌ပေးလျက်ရှိကြောင်း သိရသည်။

တာချီလိတ်မြို့၌ ဌာနဆိုင်ရာများနှင့် ပြည်သူများအား ကိုဗစ်-19 ရောဂါကာကွယ်ဆေး စတင်ထိုးနှံ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ၊ တာချီလိတ်မြို့တွင် ဌာနဆိုင်ရာဝန်ထမ်းများနှင့် အသက် ၆၅နှစ်အထက် သက်ကြီးရွယ်အိုများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က စတင်ထိုးနှံပေးလျက်ရှိသည်။

ချင်းရွှေဟော်၌ ပထမအကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး စတင်ထိုးနှံပေးခြင်းဆောင်ရွက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့ရှိ အသက်(၆၅)နှစ် အထက်ပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား ပထမအကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးစတင်ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် (၁၁)နာရီအချိန်က ချင်းရွှေဟော်မြို့၊ ပြည်သူ့ဆေးရုံ၌ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Subscribe to