ဆီဆိုင်မြို့မဈေးအနောက်ဖက်လမ်း(စိန်ပန်းလမ်း)ကတ္တရာခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

          ရပ်ကွက်နေပြည်သူများနှင့် ဈေးရောင်း/ဈေးဝယ်ပြည်သူများ သွားလာရေးအဆင်ပြေစေရေး အတွက် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့၊ မြို့မဈေးအနောက်ဖက်လမ်း (စိန်ပန်းလမ်း) ကတ္တရာခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများအား ယနေ့ နံနက်ပိုင်းတွင် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

‘ဝ’ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့၌ ဌာနဆိုင်ရာဝန်ထမ်းများအား ထောက်ပံ့ပစ္စည်းပေးအပ်ပွဲ အခမ်းအနားကျင်းပ

          ‘ဝ’ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့၌ ဌာနဆိုင်ရာဝန်ထမ်းများအား အရှေ့မြောက်တိုင်း စစ်ဌာနချုပ်မှ ထောက်ပံ့သောပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီခွဲအချိန်က ဟိုပန်မြို့ ဝဏ္ဏကျော်ထင်စဝ်ခွန်ဆမ်ခန်းမ၌ ပြုလုပ်ခဲ့သည်။

ဥတ္တရသီရိမြို့နယ်တွင် ဝန်ထမ်း(၁၁၉၅)ဦးအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးစတင်ထိုးနှံ

          ပြည်ထောင်စုနယ်မြေ ၊ နေပြည်တော် ဥတ္တရသီရိမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ၊ ကုတင်(၅၀)ဆံ့ပြည်သူ့ဆေးရုံကြီး၌ ဝန်ထမ်း(၁၁၉၅)ဦးအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး စတင်ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီက အဆိုပါဆေးရုံတွင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မိုးနဲမြို့ ပြည်သူ့အားကစားကွင်းဝင်းအတွင်း မိုးလုံလေလုံအားကစားရုံဆောက်လုပ်

    ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ မိုးနဲမြို့နယ်တွင် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုဘတ်ဂျက်ရန်ပုံငွေဖြင့် မြို့နယ်ပြည်သူ့အားကစားကွင်းဝင်းအတွင်း မိုးလုံလေလုံ အားကစားရုံကို တည်ဆောက်ပေးလျက်ရှိကြောင်း သိရသည်။

မိုင်းယောင်းမြို့ အခြေခံပညာအထက်တန်းကျောင်း ဝန်ထမ်းအိမ်ရာ ဆောက်လုပ်

ပညာရေးဝန်ကြီးဌာန ရှမ်းပြည်နယ်(အရှေ့ပိုင်း) အခြေခံပညာဦးစီးဌာန မိုင်းယောင်းမြို့ အခြေခံပညာအထက်တန်းကျောင်း ဝန်ထမ်းအိမ်ရာ ဆောက်လုပ်လျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ကမ္မမြို့ နတ်အင်းချောင်းထွက် အာလူးများ ပခုက္ကူဈေးကွက်သို့ တစ်ရက်အာလူးပိဿာချိန် ခုနှစ်သောင်းခန့်ဝင်ရောက်

မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် ကမ္မမြို့ နတ်အင်းချောင်းထွက် အားလူများ လှိုင်လှိုင်ထွက်ရှိနေရာ ပခုက္ကူဈေးကွက်နှင့် ပွဲရုံများသို့ တစ်ရက်လျှင် အာလူးပိသာချိန် ခုနှစ်သောင်းခန့်စတင်ဝင်ရောက်လာနေပြီဖြစ်ကြောင်း မြနီလာပွဲရုံပိုင်ရှင် ဦးတင်ကိုထံက သိရသည် ။

ယောနယ် ကျောက်ထုတွင် ပေသီးများ ဈေးကောင်းရရှိရေးမျှော်လင့်

ယခုနှစ်တွင် ယောအရပ်ဒေသဖြစ်သည့် ဂန့်ဂေါခရိုင် ကျောက်ထုမြို့ဒေသ၌ ပေပင်များသီးသဖြင့် ပေပင်ပိုင်ရှင်များ ဈေးကောင်းရရှိရန် မျှော်လင့်နေကြကြောင်း သိရသည်။

ဖာပွန်မြို့တွင် သံဃာတော်များ၊ သီလရှင်ဆရာလေးများနှင့် အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံပေး

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့တွင် သံဃာတော်များ၊ သီလရှင်ဆရာလေးများနှင့် အသက် (၆၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး စတင်ထိုးနှံပေးခြင်းကို ယနေ့ နံနက်(၉)နာရီအချိန်က အမှတ်(၂)ရပ်ကွက် ကျေးလက်ကျန်းမာရေးဌာနခွဲ၌ ထိုးနှံပေးခဲ့ကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီမှ မီးဘေးသင့်အိမ်ထာင်စုများအား ထောက်ပံ့ငွေများ ပေးအပ်

မကွေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် တာဝန်ရှိသူများနှင့်အတူ သရက်ခရိုင်၊ မင်းလှမြို့နယ် (မန်းသံပုရာကန်) ရေနံချက်စက်ရုံဝင်း ပြင်ပရှိ ဝန်ထမ်းနေအိမ်လိုင်းခန်းအား မတ်လ ၅ ရက် နေ့ညနေပိုင်းက တောမီးမှတစ်ဆင့် မီးကူးစက်လောင်ကျွမ်းခဲ့ရာ မီးဘေးသင့်အိမ်ထောင်စုဝင်များအား ယင်းနေ့ ညနေ ၆ နာရီခန့်က သွားရောက်တွေ့ဆုံ အားပေးစကားပြောကြားပြီး ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

စစ်တွေမြို့နယ်၌ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းရန်ပုံငွေလွှဲပြောင်းပေးအပ်

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စစ်တွေမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ခုဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP)ရန်ပုံငွေ လွှဲပြောင်းပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းက စစ်တွေခရိုင်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၌ ကျင်းပခဲ့သည်။
Subscribe to