ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီနှင့် အနောက်ပိုင်း တိုင်းစစ်ဌာနချုပ်တို့မှ ရခိုင်ဒေသတွင် တာဝန်ထမ်းဆောင်ခဲ့သော ရဲတပ်ဖွဲ့ဝင်များအား ရိက္ခာပစ္စည်းထောက်ပံ့
ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ ဒေါက်တာအောင်ကျော်မင်းနှင့် အနောက်ပိုင်း တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဗိုလ်ချုပ်ထင်လတ်ဦးတို့မှ ရခိုင်ဒေသတွင် ရှေ့တန်းတာဝန်ထမ်းဆောင်ခဲ့သော အမှတ်(၇)လုံခြုံရေးရဲတပ်ဖွဲ့ခွဲမှ တပ်ဖွဲ့ဝင်များအား ရိက္ခာပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို စစ်တွေမြို့အမှတ်(၃၆) ရဲတပ်ရင်း အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။