နောင်ချိုမြို့၌ စိုက်ပျိုးရေးဦးစီးဌာနမှ ပြန်လည်စွန့်လွှတ်မြေများအား မူလတောင်သူများထံ ယာယီလုပ်ပိုင်ခွင့်ပြုလက်မှတ်ပုံစံ (၃)ပေးအပ်ပွဲ အခမ်းအနားဆောင်ရွက်

ရှမ်းပြည်နယ် မြောက်ပိုင်း၊ နောင်ချိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးအစည်းအဝေးခန်းမ၌ ယမန်နေ့ နေလယ် ၁ နာရီအချိန်က စိုက်ပျိုးရေးဦးစီးဌာနမှ ပြန်လည်စွန့်လွှတ်သည့် မြေများအား မူလတောင်သူ ၁၁ ဦးထံသို့ ယာယီလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ (၃) ပေးအပ်ပွဲအခမ်းအနားကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မိုင်းယောင်းတွင် မိုင်းဖြတ်-မိုင်းယောင်းလမ်း ကတ္တရာလမ်းချဲ့ခင်းခြင်းပြီးစီး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် မိုင်းဖြတ်-မိုင်းယောင်းလမ်း မီတာ ၆၀၀ အရှည်၊ ၃ ဒသမ ၆၆ မီတာအကျယ်မှ ၅ ဒသမ ၅ မီတာအကျယ် ကတ္တရာလမ်းချဲ့ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးကြောင်း မြို့နယ် လမ်းဦးစီးဌာနမှ သိရသည်။

သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် ဆက်ကပ်နိုင်ရေးအတွက် အကြိုလုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပနိုင်ရေး အတွက် အကြိုလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်(၁၀)နာရီက တောင်ကြီးမြို့ ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ကျင်းပခဲ့သည်။

မအူပင်မြို့တွင် ပင်စင်စားအငြိမ်းစားဝန်ထမ်းများအား ပုံမှန် လစာများထုတ်ပေး

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့ မြန်မာ့စီးပွားရေး ဘဏ်တွင်ပင်စင်စား အငြိမ်းစား ဝန်ထမ်းများအား ပုံမှန်လစာများထုတ်ပေးခြင်းကို မတ်လ ၂၂ရက် နံနက်ပိုင်းမှ စတင်၍ ထုတ်ပေးလျက်ရှိကြောင်းသိရသည်။

ပြည်နယ်စီ မံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက မြစ်ကြီးနားမြို့နယ်အတွင်းရှိ ငွေပျော်စံပြကျေးရွာနေ အိမ်ထောင်စု (၄၃၁)စုအတွက် ဆန်အိတ်များထောက်ပံ့ပေးအပ်

ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက မြစ်ကြီးနားမြို့နယ်အတွင်း နေရပ်စွန့်ခွာပြည်သူများ အတွက် ပြန်လည်ထူထောင်ရေးစခန်းတစ်ခုဖြစ်သည့် ငွေပျော်စံပြကျေးရွာနေ အိမ်ထောင်စု (၄၃၁)စုအတွက် ဆန်အိတ်များထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့နံနက် ၁၀ နာရီခွဲတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး ဆမားဒူဝါးဆင်ဝါးနော်ခန်းမ၌ ကျင်းပပြုလုပ်သည်။

ကျောက်ဆည်မြို့နယ်တွင် ကျေးရွာ(၂)ရွာအား မြစိမ်းရောင်စီမံကိန်းချေးငွေ ကျပ်သိန်း(၃၀၀)စီ ထုတ်ချေးပေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက် နေပြည်သူများ လူမှုဘဝပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် မြို့ပြနှင့်ကျေးလက် ကွာဟမှုလျော့နည်း လာစေရေး အတွက် ရည်ရွယ်ပြီး မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက် မတည်လည်ပတ်ရန်ပုံငွေ ကျပ်သိန်း(၃၀၀) ကို ဖွံ့ဖြိုးမှုနည်းသည့် ကျေးရွာများအားရွေးချယ်ပြီး ထုတ်ချေးပေးလျက်ရှိရာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ကျေရွာ(၂)ရွာအား မြစိမ်းရောင်စီမံကိန်းချေးငွေ ကျပ်သိန်း(၃၀၀)စီ ထုတ်ချေးပေးလျက်ရှိရာ ယနေ့နံနက် (၉)နာရီခွဲက ဗလီကွင်းကျေးရွာပြည်သူများအား စီမံကိန်းချေးငွေများ ပထမအကြိမ်အဖြစ် ထုတ်ချေးပေးခဲ့ ကြောင်း သိရှိ ရသည်။

ရန်ကုန် (ပန်းဆိုးတန်း-ဒလ) ကူးတို့ဆိပ်ကမ်း၌ ခရီးသည်သွားလာမှု နည်းပါးသော်လည်း ချယ်ရီရေယာဉ်များ ပုံမှန်ပြေးဆွဲပို့ဆောင်

ရန်ကုန်(ပန်းဆိုးတန်း-ဒလ) ကူးတို့ သင်္ဘောဆိပ်ကမ်းသည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဒလ၊ တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်းမြို့နယ်များနှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အနယ်နယ်အရပ်ရပ် က ခရီးသွား မိဘပြည်သူများ၊ အစိုးရဝန်ထမ်းများနှင့် အထွေထွေလုပ်သားပြည်သူများစွာတို့ကို စီးပွား ရေးမြို့တော် ရန်ကုန်မြို့သို့ မြစ်တွင်းသွား ချယ်ရီသင်္ဘောများဖြင့် နေ့စဉ်ကူးတို့ ပို့ဆောင်ပေးလျက်ရှိ သော သင်္ဘောဆိပ်ကမ်းတစ်ခုဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါ စတင်ဖြစ်ပွားခဲ့သည့် အချိန်မှစ၍ လက်ရှိ အချိန်ထိ ခရီးသည်သွားလာမှု နည်းပါးသော်လည်း ခရီးသည်များ သွားလာရေး အဆင်ပြေချောမွေ့စေ ရေးအတွက် ရေယာဉ်ခရီးစဉ်များကို ပုံမှန်ပြေးဆွဲပို့ဆောင်ပေးလျက်ရှိကြောင်း ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး မြစ်ဝကျွန်းပေါ်ဌာနခွဲမှ သိရသည်။

ကလော၌ အစားထိုးသီးနှံစိုက်ပျိုးရေးအတွက် ဓာတ်မြေဩဇာများ အခမဲ့ဖြန့်ဝေ

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးခရိုင်၊ ကလောမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ တောင်ကွဲအုပ်စုရှိ ကျေးရွာနေတောင်သူများအတွက် ဘိန်းအစားထိုးသီးနှံစိုက်ပျိုးနိုင်ရေးအတွက် ဓာတ်မြေဩဇာများ အခမဲ့ဖြန့်ဝေပေးခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်ခန့်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပခဲ့ကြောင်း သိရသည်။

ပုဗ္ဗသီရိမြို့နယ်၌ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားရေးမှုဦးစီးဌာန၏ နှစ်လဲသက်တမ်းတိုး ဝန်ဆောင်မှုလုပ်ငန်းပြန်လည်စတင်ဆောင်ရွက်ပေး

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန(ကညန)၌ နှစ်လဲသက်တမ်းတိုး ဝန်ဆောင်မှုလုပ်ငန်းများ ပြန်လည်စတင် ဆောင်ရွက်ပေးခြင်းကို ယနေ့နံနက် (၉) နာရီ (၃၀) မိနစ်က ဆောင်ရွက်ပေးကြောင်း သိရသည်။

တန့်ယန်းမြို့နယ်တွင် မူလတန်းကျောင်းအုပ်ကြီးများ မြို့နယ်အဆင့် စွမ်းရည်မြှင့်မွမ်းမံသင်တန်းဖွင့်လှစ်

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် အခြေခံပညာ မူလတန်း ကျောင်းအုပ်ကြီးများ၏ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် မြို့နယ်အဆင့် စွမ်းရည်မြှင့်(မွမ်းမံ)သင်တန်းကို ယနေ့ နံနက် ၉ နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ဖွင့်လှစ်ခဲ့သည်။
Subscribe to