စစ်ကိုင်းတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမောင်မောင်လင်း တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဉီးစီးဌာန ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး စတင်ထိုးနှံပေးမှုအား ကြည့်ရှုအားပေး

စစ်ကိုင်းတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဉက္ကဌ ဦးမောင်မောင်လင်းသည် အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ဖြိုးသန့်နှင့်အတူ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များ၊ မုံရိုင်ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ တို့လိုက်ပါ၍ ယနေ့ နံနက်(၁၀)နာရီက တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ တွင် တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဉီးစီးဌာန ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်(၄၃၀)ဦးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (COVISHIELD) စတင်ထိုးနှံပေး နေမှုအေခြအနေတို့အား ကြည့်ရှုအားပေးခဲ့သည်။

မော်လိုက်မြို့နယ် တပ်ကုန်းကျေးရွာ၌ အလင်းသစ်စာကြည့်တိုက် အဆောက်အဦသစ် ဖွင့်ပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့နယ် တပ်ကုန်းကျေးရွာ၌ လူငယ်လူရွယ်များ အသိပညာ ဗဟုသုတများတိုးပွားစေရေးနှင့် စာပေဖတ်ရှုတတ်သည့် အလေ့အကျင့်ကောင်းများ ဖြစ်လာစေရေး အတွက် ရည်ရွယ်၍ တပ်ကုန်းကျေးရွာ ဓမ္မပါလကျောင်းတိုက်ဆရာတော်များ ဦးဆောင်၍ မျိုးဆက်သစ်ပရဟိတအဖွဲ့တို့ ပူးပေါင်းပါဝင် ဆောက်လုပ်ခဲ့သည့် အလင်းသစ် စာကြည့်တိုက် အဆောက်အဦသစ် ဖွင့်ပွဲကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါ စာကြည့်တိုက် ရှေ့တွင် ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

မိုးနဲမြို့ ဥယျာဉ်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး ဆောက်လုပ်ရန် ပန္နက်တင်မင်္ဂလာကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ မိုးနဲမြို့နယ် ဥယျာဉ်ရပ်ကွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ဆောက်လုပ်ရန် ပန္နက်တင်မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၆ နာရီခွဲ အချိန်က အဆိုပါအဆောက်အဦ ဆောက်လုပ်ရန်မြေနေရာ၌ ကျင်းပခဲ့ကြောင်း သိရသည်။

မိုင်းဆတ်မြို့၌ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးရုံး ဆောက်လုပ်မည့် မြေနေရာအား ပန္နက်တင်မင်္ဂလာ အခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနရုံး ဆောက်လုပ်မည့်မြေနေရာအား ပန္နက်တင်မင်္ဂလာအခမ်းအနားကို မတ်လ (၂)ရက်နေ့ နံနက်(၉)နာရီခွဲက ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးရုံး ဆောက်လုပ်မည့်မြေနေရာတွင် ကျင်းပခဲ့သည်။

သောက်သုံးရေခက်ခဲလျက်ရှိသည့် ရွာသစ်တောင်ကျေးရွာသို့ သောက်သုံးရေသွားရောက် လှူဒါန်း

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်ရှိ သောက်သုံးရေခက်ခဲလျက်ရှိသည့် ရွာ သစ်တောင်ကျေးရွာသို့ ရေဂါလံ ၂၂၀၀ အား ယနေ့ နံနက် ၈ နာရီခွဲအချိန်က သောက်သုံးရေ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး ဦးတင်မောင်ဆွေ စစ်ကိုင်းတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့များ Video Conferencing စနစ်ဖြင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး ဦးတင်မောင်ဆွေသည် ယမန်နေ့ နံနက်(၁၀)နာရီက တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေးခန်းမ၌ စစ်ကိုင်းတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့များ Video Conferencing စနစ်ဖြင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပ ပြုလုပ်ခဲ့သည်။

ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီနှင့် စေတနာရှင်ပြည်သူများက လုံခြုံရေးတာဝန်ထမ်းဆောင်နေသော တပ်ဖွဲ့ဝင်များ အား စားသောက်ဖွယ်ရာများလှူဒါန်း

လုံခြုံရေးတာဝန်ထမ်းဆောင်နေသော တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ မီးသတ် တပ်ဖွဲ့ဝင်များအား ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီနှင့် စေတနာရှင်ပြည်သူများက လှူဒါန်းသည့် စားသောက် ဖွယ်ရာများ ပေးအပ် လှူဒါန်းခြင်းကို ဖေဖော်ဝါရီ(၂၅)ရက်နေ့ မွန်းလွဲ(၂)နာရီက တောင်ကြီးမြို့ အရှေ့ပိုင်း တိုင်း စစ်ဌာနချုပ် သံလွင်ခန်းမ၌ ကျင်းပသည်။

မိုင်းယောင်း၌ ပဉ္စမအကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲအခမ်း အနားနှင့် သံဃဒါနဆွမ်းဆန်စိမ်းလောင်းလှူ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် ပုဗ္ဗဝိဇယဆုတောင်းပြည့် စေတီတော်မြတ်ကြီး၏ ရင်ပြင်တောင်၌ ပဉ္စမအကြိမ်မြောက် ကျင်းပသည့် ဗုဒ္ဓပူဇနိယပွဲတော် အသံမစဲမဟာ ပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲ အခမ်းအနားနှင့် သံဃဒါန ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို မြန်မာသက္ကရာဇ် ၁၃၈၂ ခုနှစ်၊ တပို့တွဲ လပြည့်နေ့ ဖေဖော်ဝါရီလ ၂၆ ရက်နေ့က အဆိုပါစေတီရင်ပြင်တော်၌ ကျင်းပခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ Coronavirus Disease 2019 (COVID19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ အစည်းအဝေး (၆/၂၀၂၁) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအစည်းအဝေး ၆/၂၀၂၁ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၁၁:၀၀ နာရီအချိန်က တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ အစည်းအဝေးခန်းမ(၁)၌ ကျင်းပသည်။
Subscribe to