ပခုက္ကူမြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးဝယ်ယူရန်အတွက် ငွေကျပ်(၁၂)သိန်းလှူဒါန်း

ပခုက္ကူမြို့နယ် Pact Global Microfinance Fund မှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးဝယ်ယူနိုင်ရေးအတွက် ယနေ့ နံနက် ၁၀ နာရီက ကိုဗစ်-၁၉ ပခုက္ကူမြို့၊ အထောက်အကူပြု လုပ်ငန်းကော်မတီထံ ငွေကျပ် ၁၂ သိန်း ပေးအပ်လှူဒါန်းသည်။

နတ်တလင်းမြို့နယ်တွင် NTN တွဲလက်များ ပရဟိတအဖွဲ့မှ အဘိုး၊ အဘွားများအား လစဉ်ထောက်ပံ့လှူဒါန်း

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တွင် NTN တွဲလက်များ ပရဟိတအဖွဲ့မှ အဘိုးအဘွားများအား ယနေ့ နံနက် ၈ နာရီတွင် လစဉ်ထောက်ပံ့ပစ္စည်း၊ အလှူငွေများ လှူဒါန်းကြောင်း သိရသည်။

သက်တမ်းလွန်ဆေးဝါးများ၊ သက်တမ်းလွန်အစားအသောက်များ၊ သက်တမ်းလွန် အလှကုန် ပစ္စည်းများ တရားမဝင်ရောင်းချမှု မရှိစေရေး ကွင်းဆင်းစစ်ဆေး

ချင်းပြည်နယ်အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲရေးဉီးစီးဌာနမှ ပြည်နယ်တာဝန်ခံ ဒေါက်တာဂျိုးဇက်ဗန်ဘွေအုပ် ဦးဆောင်၍ ပူးပေါင်းကော်မတီအဖွဲ့တို့သည် ယနေ့နံနက် ၉နာရီခွဲအချိန်က ဟားခါးမြို့ပေါ် ပြည်တော်သာရပ်ကွက်ရှိ ဆေးဝါး အရောင်းဆိုင်များ ၊ အလှကုန်ပစ္စည်းအရောင်းဆိုင်များနှင့် စားသောက်ကုန်အရောင်းဆိုင်များသို့ ရောက်ရှိပြီး စျေးကွက်အတွင်း ရောင်းချရန်မသင့်သော သက်တမ်းလွန်ဆေးဝါးများ၊အစား အသောက်နှင့် အလှကုန်ပစ္စည်းများ ရောင်းချမှု မရှိစေရေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြပြီး ဆေးဆိုင်များအတွင်း ရောင်းချလျက်ရှိသော စစ်ဆေးတွေ့ရှိသည့် သက်တမ်းလွန်များကို သိမ်းဆည်း ခဲ့ကြကြောင်း သိရှိရသည်။

ကွမ်းလုံ၌ သံလွင်တံတားသစ် တည်ဆောက်ရေးလုပ်ငန်းခွင် Quarantine Centre မှ တရုတ်နိုင်ငံသားများနှင့် မြန်မာအလုပ်သမားများအား RDT ဖြင့် စစ်ဆေးရာ ပိုးမတွေ့

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွမ်းလုံမြို့နယ် သံလွင်မြစ်ကူး (ကွမ်းလုံ) တံတားသစ် တည်ဆောက်ရေးလုပ်ငန်းခွင် Quarantine Centre မှ တရုတ်နိုင်ငံသား(၁)ဦးသည် ဇန်နဝါရီ ၂၁ ရက်နေ့တွင် ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ရာ ၎င်း Quarantine Centre ရှိ တရုတ်နိုင်ငံသား (၄၄)ဦးနှင့် မြန်မာအလုပ်သမား (၁၄)ဦးအား RDT နည်းဖြင့် ယမန်နေ့က စစ်ဆေးခဲ့ရာ ပိုးမတွေ့ရှိ ကြောင်း သိရသည်။

အင်းစိန်မြို့နယ်၊ တညင်းကုန်းဈေး၌ ဈေးရောင်းချသူများနှင့် ဈေးဝယ်လာသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် နှာခေါင်းစည်း တပ်ဆင်စေရေး အဝါရောင် Mask Campaign ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရန် ရည်ရွယ်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် နှာခေါင်းစည်း တပ်ဆင်စေရေး အဝါရောင် Mask Campaign ဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက်(၈)နာရီအချိန်က တညင်းကုန်းဈေးတွင် ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

ဇီးကုန်းမြို့နယ်တွင် နှာခေါင်းစည်းများ စနစ်တကျ တပ်ဆင်သွားလာရေး Mask Campaign ပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများတွင် အထောက်ကူပြုစေရန်အတွက် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် Mask Campaign ကို ယနေ့ နံနက် ၈ နာရီခွဲက ရန်ကုန်-ပြည်ကားလမ်းမ လမ်းဆုံမီးပွိုင့်နေရာတွင် ပြုလုပ်ခဲ့သည်။

တောင်ဥက္ကလာပမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း ကိုယ်ဝန်ဆောင်မိခင်များအား အဆင်ပြေစေရန် အားဆေးနှင့် မုန့်များ ထောက်ပံ့လှူဒါန်း

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းမှ ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း ကိုယ်ဝန်ဆောင်မိခင်များအား အဆင်ပြေစေရန်အတွက် အားဆေးနှင့် မုန့်များကို ယမန်နေ့ နံနက်ပိုင်းအချိန်က ထောက်ပံ့ လှူဒါန်းခဲ့ကြသည်။

မချမ်းဘော့ မြို့နယ်၌ ကိုဗစ်-၁၉ ကာကွယ်ဆေးစတင်ထိုးနှံ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်အတွင်းရှိ ကုသရေးနှင့်ပြည်သူ့ ကျန်းမာရေး ဝန်ထမ်းများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး စတင်ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက်(၁၀)နာရီခန့်ကမချမ်းဘော့ ပြည်သူ့ဆေးရုံ၌ ထိုးနှံပေးခဲ့ကြောင်း သိရသည်။

သီပေါမြို့နယ်တွင် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ မွေးမြူရေးဆိုင်ရာ အသိပညာပေး သင်တန်းဖွင့်လှစ်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မွေးမြူရေးဆိုင်ရာ အသိ ပညာပေးသင်တန်း ဖွင့်လှစ်ပို့ချခြင်းကို ယမန်နေ့ နံနက်ပိုင်းက မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့သည်။

စေတုတ္တရာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခြင်ပြစ်ကိုင်း မြစိမ်းရောင်စီမံကိန်း ကျေးရွာ၌ မြစိမ်းရောင်စီမံကိန်းအတိုးရငွေဖြင့် ဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်ရန် ကော်မတီဖွဲ့စည်းခြင်းနှင့် လုပ်ငန်းဆောင်ရွက်မည့် မြေပြင်အခြေအနေ ကွင်းဆင်းကြည့်ရှု

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ ကျေးလက်နေ ပြည်သူများလူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ မြစိမ်းရောင်ကျေးရွာ စီမံကိန်းများ အကောင်အထည်ဖော ဆောင်ရွက်လျက်ရှိရာ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်၌ မြစိမ်းရောင် စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သော ခြင်ပြစ်ကိုင်းကျေးရွာတွင် မြစိမ်းရောင်စီမံကိန်း အတိုးရငွေဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းအဖြစ် ကျေးရွာတွင်း ရေပိုက်လိုင်းသွယ်တန်းခြင်းလုပ်ငန်း ဆောင်ရွက်နိုင်ရေး ကော်မတီဖွဲ့စည်းခြင်းနှင့် လုပ်ငန်းဆောင်ရွက်မည့် မြေပြင်အ ခြေအနေအား ယမန်နေ့ နေ့လယ်ပိုင်းက ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
Subscribe to