သုံးခွမြို့နယ် မြို့မစျေးရှိ ဈေးသူ၊ ဈေးသားများအား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးရန် စာရင်းများ ကောက်ယူ
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ မြို့မစျေးရှိ ဈေးသူ၊ ဈေးသားများကို ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးရန် စာရင်းများအား ယမန်နေ့ နံနက်ပိုင်းက စတင်ကာကောက်ခံ လျက်ရှိကြောင်း သိရှိရသည်။