ဟိုပန်မြို့၌ ခရိုင်/မြို့နယ်အဆင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

‘ဝ’ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဟိုပန်ခရိုင် ဟိုပန်မြို့၌ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၏ ဒေသဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၀) နာရီအချိန်က ဟိုပန် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

စာပေချစ်သူများအသင်းမှ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လဟယ်မြို့တွင် အပတ်စဉ် စာအုပ်မိတ်ဆက်ခြင်းလုပ်ငန်း ဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် ကိုဗစ်-၁၉ ကာလ အတွင်း အွန်လိုင်းမှတစ်ဆင့် စာအုပ်မိတ်ဆက်ခြင်းအစီအစီစဉ်ကို ယနေ့နံနက် (၁၀) နာရီ အချိန်တွင် လဟယ်မြို့ စာပေချစ်သူများအသင်းမှ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ​လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်သည်။

သန့်ရှင်းသော သောက်သုံးရေ ရရှိရေးအတွက် စက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်းများ အရည်အသွေးပြည့်မီရေး ကွင်းဆင်းစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး ၊ ဇလွန်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဇလွန်မြို့နယ် အတွင်းရှိ ကျေးလက်ဒေသများတွင် သန့်ရှင်းသော သောက်သုံးရေ ရရှိရေးအတွက် စက်ရေတွင်းတူး ဖော်ခြင်းလုပ်ငန်းများ အရည်အသွေး ပြည့်မီရေးကို မြို့နယ်ဦးစီးမှူး ဒေါ်မူမူသင်းနှင့်တာဝန်ခံအင်ဂျင်နီယာတို့မှ ယနေ့ နံနက် ၁၁ နာရီအချိန် ခန့်တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်းသိရသည်။

ကော့သောင်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး မြို့အဝင်အထွက်ဂိတ်များတွင်စစ်ဆေး

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်နိုင်ရေးအတွက် မြို့အဝင်အထွက်ဂိတ်များတွင် စစ်ဆေးဆောင်ရွက် လျက်ရှိရာ မြို့အဝင်အထွက် ဂိတ်များမှ နေ့ညအချိန်မရွေး ဖြတ်သန်းသွားလာလျက်ရှိသော မော်တော်ယာဉ်များမှ ခရီးသွားပြည်သူ တို့အား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့်အညီ နေထိုင်သွားလာရေး၊ မြို့တွင်းသို့ဝင်ရောက်မည့် မော်တော်ယာဉ်များပေါ်ပါ ခရီးသည်နှင့် ယာဉ်မောင်းများ၊ ယာဉ်နောက်လိုက်များအား နှာခေါင်းအာခေါင်တို့ဖတ် နမှုနာများအား ရယူ စစ်ဆေးခြင်းများ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိသည်။

ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ အကောင်အထည်ဖော် စီမံကြီးကြပ်ရေး ကော်မတီ အစည်းအဝေးပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အကောင် အထည် ဖော်စီမံကြီးကြပ်ရေး ကော်မတီ အစည်း အဝေးကို ယနေ့နံနက် ၁၀ နာရီက မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံး၌ ပြုလုပ်ခဲ့ကြောင်း သိရ သည်။

တန့်ယန်းမြို့နယ်၌ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရွေးချယ်ရေးဆိုင်ရာ လုပ်ငန်းစဉ်များရှင်းလင်း

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်၌ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ် ရေးဆိုင်ရာ လုပ်ငန်းစဉ်များ ချပြရှင်းလင်းဆွေးနွေးပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက ခိုယောင်းကျေးရွာအုပ်စု၌ ကျင်းပခဲ့သည်။

ဝမ်းတွင်းမြို့နယ်တွင် လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဆွေးနွေပွဲဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်တွင် လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေးအသိ ပညာပေးဆွေးနွေးပွဲကိုယနေ့နံနက်ပိုင်းက ဝမ်းတွင်း အမှတ်(၁)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင်ဆောင်ရွက်ခဲ့သည်။

တပ်ကုန်း၌ ပုံမှန်ဝင်ငွေမရှိသောအခြေခံလူတန်းစားအိမ်ထောင်စုများအား ထောက်ပံ့ငွေများပေးအပ်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစားအိမ်ထောင်စုများ၏ ထပ်တိုးတင်ပြထားသည့် အိမ်ထောင်စုများအား ထောက်ပံ့ငွေ ပေးအပ်ခြင်းကို ယနေ့ နံနက် ၁၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ ကျင်းပခဲ့သည်။

ကျိုင်းတုံ၌ မြို့နယ်အဆင့် မြစိမ်းရောင်ကျေးရွာစီမံကိန်း သုံးသပ်ဆွေးနွေးပွဲ အခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်အဆင့် မြစိမ်းရောင်ကျေးရွာစီမံကိန်း သုံးသပ်ဆွေးနွေးပွဲကို မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ယနေ့ နံနက် ၁၀ နာရီက ပြုလုပ်ခဲ့သည်။

ရန်ကင်းမြို့နယ်တွင် ရပ်ကွက်အုပ်ချုပ်ရေးဆိုင်ရာ နည်းဥပဒေများကို ပြည်သူများသိရှိ​စေ​ရေး ရှင်းလင်းဆွေးနွေး

ရန်ကုန်အ​ရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် ရပ်ကွက်အုပ်ချုပ်ရေးဆိုင်ရာ နည်းဥပဒေများနှင့် အညီ ရပ်ကွက်အုပ်ချုပ် ရေးအဖွဲ့ ရွေးချယ်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား ပြည်သူများသိရှိ​စေ​ရေး ရှင်းလင်းဆွေးနွေးပွဲ ကို ယမန်နေ့ ည(၇)နာရီက အမှတ်(၁၅)ရပ်ကွက် နှစ်ကျိပ်ရှစ်ဆူ ဓမ္မာရုံ၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
Subscribe to