အလုံမြို့နယ်၌ ရပ်ကွက်(သို့မဟုတ်) ကျေးရွာအုပ်ချုပ်ရေးမှူးများ ရွေးချယ်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ ရှင်းလင်းဆွေးနွေး
ရပ်ကွက်(သို့) ကျေးရွာအုပ်စု အုပ်ချုပ်ရေးဆိုင်ရာ နည်းဥပဒေများကို ဒုတိယအကြိမ် ပြင်ဆင်သည့် နည်းဥပဒေနှင့်အညီ ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်ချုပ်ရေးမှူးများ ရွေးချယ်ဆောင်ရွက်မည့် လုပ်ငန်း စဉ်များနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးခြင်းကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။