တစ်လတာလုပ်အားပေး ဆောင်ရွက်ခဲ့သော ပဲခူးတိုင်းဒေသကြီး ကိုယ်စားပြု ကြက်ခြေနီ တပ်ဖွဲ့ဝင်များအား ဂုဏ်ပြုကြိုဆို
ရန်ကုန်မြို့ ပြည်သူ့ဆေးရုံကြီး ကိုဗစ်ကုသရေးစင်တာ အထူးကြပ်မတ်ကုသဆောင်တွင် ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ(၁၆) ရက်နေ့မှ စတင်၍ တစ်လတာ လုပ်အားပေးဆောင်ရွက်ခဲ့သော ပဲခူးတိုင်းဒေသကြီး ကိုယ်စားပြု ကြက်ခြေနီတပ်ဖွဲ့ စေတနာလုပ်အားရှင်(၃၆)ဦးကို ယမန်နေ့ နံနက်ပိုင်းက ပြန်လည် ကြိုဆိုခဲ့ကြောင်း သိရသည်။