ကာမိုင်းမြို့ပေါ် ရပ်ကွက်များတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး လုပ်ငန်းဆောင်ရွက်

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့၌ မီးသတ်ဦးစီးဌာနမှ မြို့ပေါ်ရပ်ကွက်များတွင် မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေး အသိပညာပေး လုပ်ငန်းများကို ယနေ့ နံနက် ၉ နာရီက ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တာမွေမြို့နယ်တွင် လျှပ်စစ်ဓာတ်အားများ လုံလုံလောက်လောက် ဖြန့်ဖြူးပေးနိုင်စေရေးအတွက် အထူးအလေးထားဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်အတွင်း လျှပ်စစ်ဓာတ်အားစနစ် ပိုမို ကောင်းမွန် တည်ငြိမ်မှုရှိပြီး ဗို့အားပြည့်ဝစွာ အသုံးပြုနိုင်ရေးနှင့် လျှပ်စစ်ဓာတ်အား တိုးတက်သုံးစွဲလာမှု အပေါ် လုံလုံလောက် လောက် ဖြန့်ဖြူးပေးနိုင်စေရေးအတွက် ရည်ရွယ်၍ ယနေ့ နံနက်ပိုင်းအချိန်က မြို့နယ် လျှပ်စစ်ဌာနမှ ဝန်ထမ်းများက တာမွေမြို့နယ်ရှိ လေးထောင့် ကန်လမ်းမကြီးတစ်လျှောက် 33KVA ဓာတ်အား လိုင်းအသစ် သွယ်တန်းခြင်းလုပ်ငန်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

နေ့ရောညပါ တာဝန်ထမ်းဆောင်နေကြသော မြို့ပြပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဝန်ထမ်းများအား လက်ဖက်ရည်ထုပ်များ လှူဒါန်း

ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ် ပတ်ဝန်းကျင်စီမံခန့်ခွဲရေး လုပ်ငန်းတာဝန်ခံ အဖွဲ့ မြို့ပြ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ မြို့နယ်သန့်ရှင်းသာယာလှပရေးအတွက် နေ့တာဝန် ညတာဝန်ထမ်းဆောင်နေ ကြသော သန့်ရှင်းရေးဝန်ထမ်းများအား ယနေ့ နံနက်ပိုင်းက လူဝင်မှုကြီးကြပ်ရေးနှင့်လူစွမ်းအားအရင်းအမြစ်ဝန်ကြီးမှ လာရောက်လှူဒါန်းခဲ့သည်။

ဗန်းမောက်မြို့နယ်အတွင်း ကုန်ထုတ်လမ်းနှင့် ကျေးရွာချင်းဆက်လမ်းပိုင်းများ ပြုပြင်ဆောင်ရွက်နိုင်ရန် ကွင်းဆင်းစစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်အတွင်း ကုန်ထုတ်လမ်းနှင့် ကျေးရွာ ချင်းဆက် လမ်းပိုင်းများ ပြုပြင် ဆောင်ရွက် နိုင်ရန် စုံတော်ကျေးရွာအုပ်စုနှင့် ပင့်စင်တဲကျေးရွာ အုပ်စုတို့တွင် လမ်းအူကြောင်းရှာဖွေခြင်းလုပ်ငန်းအား ယမန်နေ့ မွန်းလွဲပိုင်းက ကွင်းဆင်း စစ်ဆေး ခဲ့ကြောင်း သိရသည်။

မိုးညှင်၌ ငါးကြင်းဖြူနှင့် ပုဇွန်များအား သက်သာသော နှုန်းထားဖြင့် (တတိယအကြိမ်) ဖြန့်ဖြူးရောင်းချပေး

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ် သမဝါယမ ဦးစီးဌာနနှင့် ခရိုင်ငါးလုပ်ငန်း ဦးစီးဌာနတို့ ပူးပေါင်း၍ ပြည်သူများအား ဈေးနှုန်းသက်သက်သာစွာဖြင့် ငါးကြင်းဖြူနှင့် ပုဇွန်များအား ဝယ်ယူစားသုံး နိုင်ရေးအတွက် ယနေ့ နံနက်ပိုင်း ၁၁ နာရီတွင် မြို့နယ်သမဝါယမ ဦးစီးဌာနရုံး၌ (တတိယအကြိမ်) ရောင်းချပေးခဲ့ကြောင်း သိရသည်။

ကမာရွတ်မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် အမှတ် ၃ ရပ်ကွက်ရှိ အိမ်ထောင်စုများနှင့် လှည်းတန်းစျေး၊ လမ်းသွားလမ်းလာ ပြည်သူများအား Mask များ အခမဲ့ ဖြန့်ဝေ

ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်နှံ့မှု ကြိုတင် ကာကွယ်ထိန်းချုပ်ရေးအတွက် အမှတ် ၃ ရပ်ကွက်ရှိ အိမ်ထောင်စုများနှင့် လမ်းသွား လမ်းလာ ပြည်သူများ၊ လှည်းတန်းစျေး၊ ပေ(၅၀)လမ်းရှိ စျေးရောင်း စျေးဝယ်သူများအား Mask စနစ်တကျ တပ်ဆင်စေ​ရေးအတွက် Mask များ ဖြန့်ဝေခြင်းနှင့် အသိပညာပေး ပြုလုပ်ဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၇ နာရီ ၃၀ မိနစ်အချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လိုင်လင်းပီမြို့၌ ကိုဗစ်-၁၉ရောဂါကာလ လက်ဖက်ရည်ဆိုင်နှင့် စားသောက်ဆိုင်များအား သတ်မှတ်ချက်များ နှင့်အညီ ရောင်းချခြင်း ရှိ/မရှိ စစ်ဆေး

ချင်းပြည်နယ်၊ မတူပီခရိုင်၊ လိုင်လင်းပီမြို့၊ မြို့ပေါ်ရပ်ကွက်များရှိ လက်ဖက်ရည်ဆိုင်နှင့် စားသောက် ဆိုင်များအား ကိုဗစ်-၁၉ရောဂါကာလ သတ်မှတ်ချက်များ နှင့်အညီ ရောင်းချခြင်း ရှိ/မရှိ ရှောင်တခင် စစ်ဆေးခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့စည်ပင်သာယာရေးအဖွဲ့ ကျန်းမာရေးဌာနနှင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ စစ်ဆေးကြသည်။

ဥတ္တရသီရိမြို့နယ်တွင် နေပြည်တော်ကောင်စီ၏ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းများအတွက် နည်းပညာအဆိုပြုလွှာနှင့် QA/QC ဖွင့်ဖောက်စစ်ဆေးခြင်း ဆောင်ရွက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရသီရိမြို့နယ်တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ နေပြည်တော်ကောင်စီ၏ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျပ်သန်း(၁၀၀) အထက် လုပ်ငန်းများအတွက် နည်းပညာအဆိုပြုလွှာနှင့် QA/QC ဖွင့်ဖောက်စစ်ဆေးခြင်း အခမ်းအနားကို ယနေ့နံနက် (၁၀)နာရီခွဲ က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ် (RCEP) အကောင် အထည်ဖော်ရေးအတွက် အစိုးရ-ပုဂ္ဂလိက နဝမအကြိမ်မြောက်ဆွေးနွေး

ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ် (RCEP) အကောင်အထည် ဖော်ရေးအတွက် အစိုးရ-ပုဂ္ဂလိက နဝမအကြိမ်မြောက် ဆွေးနွေးပွဲကို ယမန်နေ့တွင် ကျင်းပ ပြုလုပ်ခဲ့သည်။

လှိုင်မြို့နယ် သာသနနုဂ္ဂဟအသင်းမှ ကိုဗစ်-၁၉ ကာကွယ်ဆေး ဝယ်ယူရန် အလှူငွေများအား စု​ပေါင်း လှူဒါန်း

ရန်ကုန်တိုင်း​​ဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ် အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီး ဌာနရုံးတွင် ယမန်နေ့ နံနက်(၁၀)နာရီအချိန်က လှိုင်မြို့နယ် သာသနနုဂ္ဂဟအသင်းမှ ကိုဗစ်-၁၉ ကာကွယ်​ဆေး ဝယ်ယူရန် လာရောက်လှူဒါန်း ပေးခဲ့ကြောင်း သိရသည်။
Subscribe to