ငဖဲမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန အားကစားကွင်းတည်ဆောက်ရေးလုပ်ငန်းများ ရာနှုန်း ပြည့် တည်ဆောက်ပြီးစီး

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားကွင်း တည်ဆောက်ရေးလုပ်ငန်းများကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ၂၀၁၉-၂၀၂၀ဘဏ္ဍာနှစ် ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေကျပ် ၁၉၂.၄၅ သန်းဖြင့် လပြည့်သိမ်းကုမ္မဏီမှတာဝန်ယူ ဆောက်လုပ်ခဲ့ရာ ၂၀၂၀ပြည့်နှစ် ဒီဇင်ဘာလကုန်တွင် လုပ်ငန်းအားလုံး ရာနှုန်းပြည့်တည်ဆောက် ပြီးစီး ခဲ့ပြီဖြစ်ကြောင်း သိရသည်။

ငွေဆောင်မြို့၌ နေအိမ်ပြင်ပသွားလာသူတိုင်း နှာခေါင်းစည်း(Mask) မဖြစ်မနေ တပ်ဆင်သွားလာ ရေးအသိပညာ ပေးဆောင်ရွက်

ငွေဆောင်မြို့တွင် ကိုဗစ်-၁၉ကူးစက်​ရောဂါ မဖြစ်ပွားစေရေး အတွက် ယနေ့နံနက် ၉နာရီခန့်က အ.ထ.က ငွေဆောင်ကျောင်းရှေ့နှင်မြို့မလမ်းတို့တွင်နှာခေါင်းစည်းတပ်ဆင်သွားလာစေရေး အသိပညာပေး လုပ်ငန်းများဆောင်ရွက်ခဲ့ကြသည်။

တမူးခရိုင်၊ ခါမ်းပါတ်မြို့၊ကမ္မကြီးကျေးရွာတွင် မြေထိန်းနံရံတည်ဆောက်

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ ခါမ်းပါတ်မြို့၊ ကမ္မကြီးကျေးရွာတွင် ကမ်းပြို ကာကွယ်ရေးအတွက် မြေထိန်း နံရံတည်ဆောက်ရေး လုပ်ငန်းများ စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကြည့်မြင်တိုင်မြို့နယ်တွင် ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးဆိုင်ရာ နည်းဥပဒေများကို ဒုတိယအကြိမ် ပြင်ဆင်သည့် နည်းဥပဒေများနှင့်အညီ ရွေးချယ်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား ပြည်သူများ သိရှိ​စေ​ရေး ရှင်းလင်းဆွေးနွေးပွဲပြုလုပ်

ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်တွင် ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ် ရေးဆိုင်ရာ နည်းဥပဒေများကို ဒုတိယအကြိမ် ပြင်ဆင်သည့် နည်းဥပဒေများနှင့်အညီ ရွေးချယ် ဆောင်ရွက်မည့်လုပ်ငန်းစဉ်များအား ပြည်သူများ သိရှိ​စေ​ရေး ရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့ နေ့လယ် ၂ နာရီအချိန်က မကျည်းတန်း​တောင် အ​ရှေ့ ရပ်ကွက်တွင် ဆောင်ရွက်ခဲ့သည်။

ပလက်ဝမြို့နယ်၊ ဆမီးမြို့၌ မီးဘေးလုံခြုံရေးဆိုင်ရာလုပ်ငန်းစဉ်များဆောင်ရွက်

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ဆမီးမြို့ရှိ ဒေသခံနေအိမ်များနှင့် တိုက်ပွဲရှောင်စခန်းများ ၌မီးဘေး လုံခြုံရေး လုပ်ငန်းစဉ်များကို ယမန်နေ့မှစ၍ နယ်မြေမီးသတ်စခန်းရှိ တာဝန်ရှိသူ များက ပြုလုပ်ဆောင်ရွက်ခဲ့သည်။

လဟယ်မြို့တွင် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ (အသစ်) ရွေးချယ်နိုင်ရေး ဆွေးနွေးပွဲ ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးများ၊ ကျေးရွာတာ၀န်ခံ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ အသစ် ရွေးချယ်ခြင်းအတွက် ရပ်ကွက်/ကျေးရွာ အုပ်စု အုပ်ချုပ်ရေးဆိုင်ရာ နည်းဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် နည်းဥပဒေနှင့်အညီ ၂၀၂၁ ခုနှစ်၊ မတ်လ ကုန်အပြီး ဆောင်ရွက်သွားမည်ဖြစ်ရာ အဆိုပါ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ရွေးချယ်နိုင်ရေး ဆွေးနွေးပွဲကို ယနေ့နံနက် (၁ဝ) နာရီအချိန် လဟယ်မြို့ မာလာတောင် အားကစားခန်းမ၌ ကျင်းပသည်။

ဟားခါးမြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာနေပြည်သူများ လိုက်နာရမည့် မီးဘေးလုံခြုံရေးအတွက် တစ်အိမ်တက်ဆင်း အသိပညာပေးခြင်းများ ဆောင်ရွက်

ဟားခါးမြို့နယ် မီးသတ်ဦးစီးဌာနမှ ပွင့်လင်းရာသီ ရောက်ရှိလာပြီဖြစ်သဖြင့် မီးဘေးကြိုတင်ကာကွယ် ရေးအတွက် ယနေ့နံနက် ၁၀နာရီက ဟားခါးမြို့၊ရပ်ကွက်များသို့ မီးဘေးလုံခြုံရေး အတွက် တစ်အိမ်တက်ဆင်း အသိပညာပေးခြင်းများအရှိန်အဟုန်မြှင့် ဆောင်ရွက် လျက်ရှိ ကြောင်း သိရှိရသည်။

ငွေဆောင်မြို့ စည်ပင်သာယာရေး နယ်နိမိတ်အတွင်းရှိ မြို့မဈေး၊ လမ်းဘေးဈေးဆိုင်/အိမ် ဆိုင်များ သတ်မှတ်အချိန်အတွင်း ရောင်းချခြင်းရှိ/မရှိစစ်ဆေး

ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ငွေဆောင်မြို့ စည်ပင်သာယာရေး နယ်နိမိတ်အတွင်းရှိ မြို့မဈေး၊ လမ်းဘေးဈေးဆိုင်/အိမ်ဆိုင်များအား သတ်မှတ်အချိန်အတွင်း ရောင်းချခြင်း ရှိ/မရှိကိုယနေ့နံနက် ၈နာရီကလိုက်လံ စစ်ဆေးခဲ့ကြောင်းသိရသည်။

ဝက်လက်မြို့နယ် မီးသတ်ဦးစီးဌာနမှ မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေး လုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမောင်းနိန်နှင့် မီးသတ် တပ်ဖွဲ့ဝင်များသည် မီးဘေးကြိုတင်ကာကွယ်ရေးတွက် ယနေ့ နံနက် ၈ နာရီအချိန်က မြို့ပေါ်ရပ်ကွက်များသို့ ကွင်းဆင်းကာ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက် ခဲ့ကြကြောင်း သိရသည်။

ကော့ကရိတ်မြို့၌ မြန်မာနိုင်ငံမသန်စွမ်းအသင်းမှ မသန်စွမ်းဆိုင်ရာဥပဒေ၊နည်းဥပဒေများကို အသိပညာပေးဆွေးနွေး

ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့၌ မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းမှ ကျေးရွာများသို့ကွင်းဆင်း၍ မသန်စွမ်းဆိုင်ရာဥပဒေ၊ နည်းဥပဒေများကို အသိပညာပေးဆွေးနွေးမှုကို ယမန်နေ့နံနက် ၁၀ နာရီက နိုင်ခလောင် ကျေးရွာဘုန်းကြီးကျောင်းဝန်း အတွင်း၌အသိပညာပေးဆွေးနွေးပြောကြားခဲ့သည်။
Subscribe to