ဗန်းမော်မြို့နယ် နတ်ခုတ်ကျေးရွာ၌ တည်ဆောက်လျက်ရှိသော ဆင်စွယ်ချောင်းကူးတံတားကို (၅ဝ)ရာခိုင်နှုန်း ပြီးစီးမှုအား တာဝန်ရှိများ ကွင်းဆင်းစစ်ဆေး
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု ခွင့်ပြုရန်ပုံငွေကျပ်သန်း(၈၉ ဒသမ ဝဝ)ဖြင့် ဧရာဝတီမြစ်အနောက်ဖက်ကမ်းရှိ ကချင်ပြည်နယ် ဗန်းမော်မြို့နယ် နတ်ခုတ်ကျေးရွာတွင် ဆင်စွမ်ချောင်းကူးသံကူကွန်ကရစ်တံတား(၄၀ ပေx ၁၄ ပေ) တံတား(၁)စင်း တည်ဆောက် လျက်ရှိကြောင်း သိရသည်။