ဇလွန်မြို့နယ် စည်ပင်သာယာရေးနယ်နိမိတ်အတွင်းရှိ ဈေး ၊ လမ်းဘေးဈေးဆိုင်နှင့် အိမ်ဆိုင်များအား သတ်မှတ် အချိန်အတွင်း ရောင်းချခြင်း ရှိ / မရှိပူးပေါင်းအဖွဲ့ဖြင့် စစ်ဆေး
ဧရာဝတီတိုင်းဒေသကြီး ၊ ဇလွန်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်နှံ့မှုအား ကာကွယ်ထိန်းချုပ်နိုင်ရန် အတွက် ဇလွန်မြို့နယ်စည်ပင်သာယာရေး နယ်နိမိတ်အတွင်းရှိ ဈေး ၊ လမ်းဘေး ဈေးဆိုင်နှင့်အိမ်ဆိုင်များအား သတ်မှတ်အချိန်အတွင်း ရောင်းချခြင်း ရှိ / မရှိကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်ခန့်က ပူးပေါင်းအဖွဲ့ဖြင့် လိုက်လံစစ်ဆေးခဲ့ကြသည်။