တနိုင်းမြို့နယ်၌ အသက်(၈၅)နှစ်အထက်နှင့်အသက်(၁၀၀)အထက် သက်ကြီးဘိုး/ဘွား များအား ထောက်ပံ့ငွေများပေးအပ်

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်၌ အသက်(၈၅)နှစ်အထက်နှင့် အသက်(၁၀၀) အထက် သက်ကြီးဘိုး/ဘွား(၆၃)ဦးအတွက် ကချင်ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ထောက်ပံ့သော ထောက်ပံ့ ငွေများအား ရပ်ကွက်/ ကျေးရွာအသီးသီးရှိဘိုး/ ဘွားများအား ပေးအပ်နိုင်ရန် မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ သက်ဆိုင်ရာရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများထံသို့ ယမန်နေ့ နံနက်(၁၁)နာရီ လွှဲပြောင်းပေးအပ်ခဲ့ကြောင်းသိရသည်။

ကျွန်းလှမြို့၌ ရေစီးရေလာကောင်းမွန်ရေး အုတ်စီရေမြောင်းပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့၊ ပျဉ်းမမြိုင်ရပ်ကွက်၊ အောင်ဇေယျ လမ်းတစ် လျှောက်တွင် ရေစီးရေလာ ကောင်းမွန်ရေးအတွက် အုတ်စီရေမြောင်း ပြုလုပ်လျက်ရှိကြောင်း မြို့နယ် စည်ပင်သာယာရေး ကော်မတီမှ သိရသည်။

ဝိုင်းမော်မြို့၌ လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်ပုံစံ(၇)ပေးအပ်ပွဲကျင်းပ

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီး ဌာနမှ လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်ပုံစံ(၇)ပေးအပ်ပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက ဝိုင်းမော်မြို့နယ် အထွေ‌‌ထွေအုပ်ချုပ်ရေးဦးစီးဌာန ဆမားခန်းမ ၌ကျင်းပခဲ့သည်။

မင်းကင်းမြို့နယ် ကျောက်ခဲတက်ကျေးရွာတွင် Quarantine ဝင်နေသူများမှ မီးဖွားသော မိသားစုများအား ထောက်ပံငွေပေးအပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ် ကျောက်ခဲတက်ကျေးရွာရှိ Quarantine ဝင်နေသူမီးဖွားသော မိသားစုအား ယမန်နေ့ နံနက်ပိုင်းက ထောက်ပံငွေပေးအပ်ခဲ့ ကြောင်း သိရသည်။

လှိုင်းဘွဲမြို့နယ်တွင် ဆောင်ရွက်နေသည့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများအား ပြည်နယ်စီမံကိန်း တာဝန်ခံနှင့် အဖွဲ့များမှ ကွင်းဆင်းစစ်ဆေးခြင်း

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကမ္ဘာ့ဘဏ် အကူ အညီဖြင့် လူထုဗဟိုပြုစီမံကိန်း(တတိယနှစ်စက်ဝန်း)တွင် အကောင်အထည် ဖော် ဆောင်ရွက်လျက်ရှိသော ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများ ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့ တောင်ပလောင်ကျေးရွာ၊ ထီလုံကျေးရွာနှင့် နောင်ဘိုကြီး ကျေးရွာတို့တွင် ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပြင်စလူမြို့ပေါ်ရပ်ကွက်များတွင် မီးဘေးအန္တရာယ် အသိပညာပေးလုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး လပွတ္တာခရိုင် ပြင်စလူမြို့တွင် မြို့မီးသတ်ဦးစီးဌာနမှ မြို့ပေါ်ရပ်ကွက်များတွင် မီးဘေးအန္တရာယ် အသိပညာပေး လုပ်ငန်းများကို ယနေ့နံနက် (၈) နာရီ အချိန်ခန့်က စတင်၍ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ကန့်ဘလူမြို့ အမှတ်(၅) ရပ်ကွက်ရှိ အလကကျောင်း၌ စာသင်ဆောင်သစ်ဆောက်လုပ်မှု ၆၅ ရာခိုင်နှုန်းပြီးစီး

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့ အမှတ် (၅) ရပ်ကွက်ရှိ အခြေခံပညာ အလယ်တန်း ကျောင်းတွင် စာသင်ဆောင်သစ်ကို ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလကစတင် ဆောက်လုပ်ခဲ့ရာ ယနေ့ထိဆောက်လုပ်မှုမှာ ၆၅ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်းသိရသည်။

တောင်ကြီးမြို့၌ ကိုဗစ်-၁၉ ရောဂါ (RDT) စစ်ဆေးရေးဌာန ဖွင့်လှစ်

ရှမ်းပြည်နယ်(တောင်ပိုင်း)တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံးဟောင်း၊ ရုံးကြီးလမ်း၊ သစ်တော ရပ်ကွက်ရှိ အစိုးရအဖွဲ့ရုံးဟောင်း၀န်းအတွင်းရှိ ယခင်ကော်မရှင်ရုံးတွင် ယနေ့မှစတင်၍ ကိုဗစ်-၁၉ ရောဂါ (RDT) စစ်ဆေးရေးဌာန ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ကျွန်းလှမြို့နယ်တွင် ရပ်ကွက်/ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူး ရွေးချယ်နိုင်ရေး အသိပညာပေး ဆွေးနွေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်နိုင်ရေးအတွက် ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စုအုပ်ချုပ်ရေး ဥပဒေ၊ နည်းဥပဒေများ အသိပညာပေး ဆွေးနွေးပွဲကို ဇန်နဝါရီ (၁၈) ရက်နေ့က တင်းတိန်ရံ၊ လယ်လှနှင့် ကန်‌ပေါက်ကျေးတို့၌ ပြုလုပ်ကြောင်း သိရသည်။
Subscribe to