မိုင်းကိုင်မြို့နယ်အတွင်း ထောက်ပံ့ကြေးလာရောက်ထုတ်ယူခြင်းမရှိသော ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးငယ်များအား အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့

ရှမ်းပြည်တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ်၌ လူမှုဝန်ထမ်းဦးစီးဌာနက ကိုယ်ဝန်ဆောင်နှင့် ကလေး ငယ်များအား ထောက်ပံ့ကြေးများကို ၂၀၂၀ပြည့်နှစ်၊ ဧပြီလမှစတင်၍ ထောက်ပံ့ပေးလျက်ရှိရာ ဒီဇင်ဘာလ ဒုတိယပတ်အထိ လာရောက်ထုတ်ယူနိုင်ခြင်းမရှိသေးသော ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးများအား ယနေ့ နံနက်ပိုင်းတွင် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန ဝန်ထမ်းများက အိမ်တိုင်ရာရောက် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့သည်။

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် ဆောင်းနှမ်းသီးနှံများစိုက်ပျိုး

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် ဆောင်းသီးနှံများအနက် ဆီထွက်သီးနှံဖြစ်သော နှမ်း သီးနှံကို စိုက်ပျိုးလျက်ရှိကြောင်းသိရသည်။ ၂၀၂၀-ပြည့်နှစ် မိုးရာသီကာလတွင် မိုးဦး မိုးနည်းပါးခြင်း၊ မိုးရွာ သွန်းမှုအကြိမ်ရေနည်းပါးခြင်းကြောင့် မိုးနှမ်းစိုက်ပျိုးရာ၌ အထွက်နှုန်း ညံ့ဖျင်းသဖြင့် တောင်သူများ အဆင် မပြေကြကြောင်း၊ မိုးဦးမိုးဖြင့် ဝါသီးနှံစိုက်ပျိုးရာတွင်လည်း မိုးနည်းပါးသဖြင့် ဝါအပင်များ ရှင်သန်သော် လည်း ဝါထွက်နှုန်းသိသိသာသာ ကျဆင်းလာကြောင်း သို့ဖြစ်၍ တစ်နိုင်တစ်ပိုင် ဆီစားသုံးနိုင်ရန်အတွက် ဆောင်းနှမ်းများကို ကျေးလက် တောင်သူ များက စတင်စိုက်ပျိုးလာကြကြောင်း လျှော်တောင်ရွာမှ တောင်သူ ဦးမြင့်ဦး ကပြော သည်။

မိုင်းကိုင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းအတွက် ကျေးရွာများရွေးချယ်သတ်မှတ်

ရှမ်းပြည်တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ်၏ ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ် အတွက် မြစိမ်းရောင်ကျေးရွာ စီမံကိန်းနှင့် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း VDP ကျေးရွာများ ရွေးချယ်ရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နေ့လယ်က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ပုဂံ-ညောင်ဦးမြို့၏ ရေထုအရည်အသွေးသိရှိနိုင်ရေး တိုင်းတာခြင်းများဆောင်ရွက်

ပုဂံ-ညောင်ဦးမြို့၏ ရေထုအရည်အသွေးသိရှိနိုင်ရေး တိုင်းတာစစ်ဆေးခြင်းကို ညောင်ဦးခရိုင် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဧရာဝတီမြစ်ကမ်းဘေးနေရာ ၃ ခုတွင်တွင် ယမန်နေ့ က အရည်အသွေးတိုင်းတာစက်များဖြင့် လိုက်လံတိုင်းတာခြင်းများဆောင်ရွက်နေကြောင်း ညောင်ဦးခရိုင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ သိရသည်။

မောက်မယ်မြို့နယ်၌မြစိမ်းရောင်ကျေးရွာစီမံကိန်းရွေးချယ်ခြင်းအခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင် ၊ မောက်မယ်မြို့နယ်အတွင်း မြစိမ်းရောင် ကျေးရွာ စီမံကိန်းရွေးချယ်ခြင်း အခမ်းအနားကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ယမန်နေ့ နံနက် ၉ နာရီက ကျင်းပခဲ့သည်။

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရန် မြို့ အဝင် စစ်ဆေးရေးဂိတ်များတွင် ကျန်းမာရေး စစ်ဆေးခြင်း လုပ်ငန်းများ စဉ်ဆက်မပျက် ဆောင်ရွက်

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်ရေး ကော်မတီ၏ အနီးကပ်ကြပ်ကြီးမှုဖြင့် နတ်မောက်မြို့အဝင်ဂိတ်၌ ကိုဗစ်-၁၉ ရောဂါ မဖြစ်ပွား စေရေး ကျန်းမာရေး စစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မိုင်းပန်မြို့နယ်၌ စားသောက်ဆိုင်များ A အဆင့် သတ်မှတ်ချက်များနှင့်ကိုက်ညီမှု ရှိ/မရှိ ကွင်းဆင်း စစ်ဆေး

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် ယမန်နေ့ နံနက် (၁ဝ) နာရီ အချိန်က ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် စပ်လျဉ်း၍ စားသောက်ဆိုင်များ ပြန်လည်ဖွင့်လှစ်ရာတွင် လိုက်နာဆောင်ရွက်ရမည့် သတ်မှတ်ချက်များ ဆောင်ရွက်ထားခြင်း ရှိ/မရှိကို မြို့နယ်ကွင်းဆင်းစစ်ဆေးရေးအဖွဲ့မှ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

မြို့နယ်စီမံကိန်းရုံးအဝင် ကွန်ကရစ်လမ်းခင်းခြင်းနှင့် အုတ်တံတိုင်းကာရံခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအား ကွင်းဆင်းကြည့်ရှု

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာန၏ ရုံးအဝင်ကွန်ကရစ်လမ်းခင်းခြင်းနှင့် ရုံးအုတ်တံတိုင်းကာရံခြင်း လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအား ယမန်နေ့ နေ့လည်ပိုင်း က ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်နှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုသည်။

အလုံမြို့နယ် အ-ထ-က(၇)အသွားအလာကန့်သတ်စောင့်ကြည့်စင်တာ (Quarantine Centre) သို့ ထမင်းဘူးများလာရောက်လှူဒါန်း

ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ် အ-ထ-က(၇)အလုံ  အသွားအလာကန့်သတ် စောင့်ကြည့်နေရာရှိ အသွားအလာကန့်သတ်ထားသူများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ ဝန်ထမ်းများအတွက် ယမန်နေ့က   ထမင်းဘူးများလာရောက် လှူဒါန်းခဲ့ကြောင်းသိရသည်။

လှိုင်မြို့နယ်တွင်မွေးစမှ (၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းနှင့် အသက်(၁၀)နှစ်အောက် မိန်းကလေးများအား သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်အတွင်းရှိ မွေးစမှ အသက် (၂) နှစ်အောက် ကလေးငယ်များအား ယမန်နေ့ နံနက်ပိုင်းကစ၍ ရပ်ကွက်အသီးသီးရှိ ဓမ္မာရုံများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများ၊ သွားလာရန် လွယ်ကူအဆင်ပြေသည့်နေရာများတွင်
Subscribe to