ကျောက်ကြီးမြို့နယ် မုန်းဒေသ၌ Mask (နှာခေါင်းစည်း) စနစ်တကျတပ်ဆင်သွားလာရေး အသိပညာပေး ဆောင်ရွက်
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ် မုန်းဒေသရှိ စျေးလမ်းဆုံ၊ကျောက်ကြီး-မုန်းကား လမ်းမလမ်းဇုံနှင့် မုန်းဒေသစျေးထဲတို့တွင် ယမန်နေ့နံနက်(၇)နာရီက Mask (နှာခေါင်းစည်း) စနစ်တကျ တပ်ဆင်သွားလာခြင်းမရှိသူများအား အသိပညာပေးခြင်းကို ဆောင်ရွက်ခဲ့သည်။