အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း (ကျောက်ပန်းတောင်း) တွင် (ကိုရိုနာဗိုင်းရပ်စ်) နှင့်ပတ်သက်၍ အသိပညာပေး ဟောပြော
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် အစိုးရစက်မှုလက်မှု သိပ္ပံကျောင်းတွင် မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ အဆုတ်ရောင်ရောဂါ (ကိုရိုနာဗိုင်းရပ်စ်) နှင့် ပတ်သက်၍ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက်(၁၀)နာရီ (၁၅) မိနစ်အချိန်က အဆိုပါကျောင်းရှိ စုဝေးခန်းမတွင်ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။