သီပေါမြို့နယ်တွင် လူသားချင်းစာနာသော မိုင်းလှုပ်ရှားမှု အသိပညာပေး အလုပ်ရုံ ဆွေးနွေးပွဲပြုလုပ်
ရန်ကုန်မြို့အခြေစိုက် ဒိန်းမတ်လူမှုရေးအဖွဲ့မှ စီစဉ်ဆောင်ရွက်သော လူသားချင်းစာနာသော မိုင်းလှုပ်ရှားမှု အသိပညာပေးအလုပ်ရုံဆွေးနွေးပွဲ (Humanitarian Mine Action (HMA) Workshop)ကို ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့နံနက်(၉)နာရီခွဲအချိန်က ပြုလုပ်ခဲ့သည်။