ကလောမြို့နယ်၌ ပလပ်စတစ်အမှိုက်လျှော့ချရေး အသိပညာပေးသင်တန်းပေး
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကလောမြို့နယ်တွင် One State One Township Project ပလပ်စတစ်အမှိုက်လျှော့ချရေး အသိပညာပေးသင်တန်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။