မြောက်ဥက္ကလာပမြို့နယ် အ.ထ.က(၁)ကျောင်းတွင် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် အ.ထ.က(၁) ကျောင်းသားဟောင်းများအသင်းမှ ကြီးမှူးကျင်းပသော ပူဇော်ခံ ဆရာကြီး/ ဆရာမကြီးများအတွက် (၁၇၂) ကြိမ်မြောက် ကျန်းမာရေးစောင့်ရှောက်မှုကို ယနေ့နံနက် (၇) နာရီခွဲ က အ.ထ.က(၁) မြတ်ခရေခန်းမတွင် ဆောင်ရွက်ခဲ့သည်။