ကသာမြို့နယ်၊ သိမ်အင်းကျေးရွာတွင် စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲနှင့် စာအုပ်လှူဒါန်းပွဲ ကျင်းပပြုလုပ်
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ် စာရေးဆရာအသင်းမှ ကြီးမှူးကျင်းပသည့် သိမ်အင်းကျေးရွာရှိ "ရောင်ခြည်ဦး" စာကြည့်တိုက်အတွက် စာအုပ်စာစောင်များ လှူဒါန်းပွဲနှင့် စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲကို ယမန်နေ့မွန်းလွဲ (၁) နာရီအချိန်က သိမ်အင်းကျေးရွာ အမှတ် (၇၅) အခြေခံပညာ မူလတန်းကျောင်း၌ ကျင်းပပြုလုပ်သည်။