ကုန်စုံဆိုင်များအား စျေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခြင်းနှင့် အသိပညာပေးဟောပြော
ယင်းမာပင် ဇန်နဝါရီ ၁၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင် စားသုံးသူရေးရာဦးစီးဌာန၊ ယင်းမာပင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကျေးလက်ကျန်းမာရေးဌာနတို့ ပူးပေါင်း၍ စာသုံးသူများ ဘေးကင်းလုံခြုံစိတ်ချစေရေး ကျောက်မှော်ကျေးရွာအတွင်းရှိ ကုန်စုံဆိုင်များအား စျေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခြင်းနှင့် အသိပညာပေး ဟောပြောခြင်းကို အခြေခံပညာ အထက်တန်းကျောင်းတို့တွင် ကျင်းပပြုလုပ်ခဲ့သည်။