သနပ်ပင်မြို့၌ မြန်မာ့သမဝါယမစတင်ခြင်းနှစ်ပတ်လည်နေ့အထိမ်းအမှတ် ငါးသားပေါက်ထည့်ပွဲ ကျင်းပ
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၁၈) ရက်နေ့တွင် ကျရောက်မည့် (၁၂၁) ကြိမ်မြောက် မြန်မာ့သမဝါယမစတင်ခြင်းနှစ်ပတ်လည်နေ့အထိမ်းအမှတ်အဖြစ် ငါးသားပေါက်ထည့်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး၊ သနပ်ပင်မြို့၊ မင်းရွာ (ကမာဘာ) ကျေးရွာရှိ တိုးတက်စိုက်ပျိုးရေးနှင့် အထွေထွေသမဝါယမအသင်းလီမိတက်မှ အတွင်းရေးမှူး ဦးခင်ဇာမောင် ငါးကန်၌ ပြုလုပ်ခဲ့သည်။