လက်ပံတန်း၌ စိုက်ပျိုးရေးအရောင်းဆိုင်များတွင် တရားမဝင် ပိုးသတ်ဆေးနှင့် မြေဩဇာများ ရောင်းချမှုမရှိစေရေး လိုက်လံစစ်ဆေး

ပဲခူးတိုင်း​ဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်ရှိ စိုက်ပျိုးရေးသုံးပစ္စည်း အရောင်းဆိုင်များတွင် စိုက်ပျိုးရေးဦးစီးဌာနမှ သတ်မှတ်ညွှန်ကြားချက်များအတိုင်း လိုက်နာရောင်းချမှု ရှိ/မရှိ၊ တရားမဝင် ပိုးသတ်ဆေးများ၊ ဓာတ်မြေသြဇာများနှင့် မျိုးစေ့များ ရောင်းချမှု ရှိ/မရှိတို့ကို ယမန်နေ့နေ့လယ်ပိုင်းက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ဒေါပုံမြို့နယ်အတွင်းရှိ မဲရုံများတွင် မဲပေးစက်များ ဇာတ်တိုက်လေ့ကျင့်ခင်းကျင်းခြင်း အစီအစဉ်ဆောင်ရွက်

ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပရာတွင် မဲဆန္ဒရှင်ပြည်သူများ အဆင်ပြေချောမွေ့စွာ မဲပေးနိုင်ရေးအတွက် ရွေးကောက်ပွဲအကြိုကာလအတွင်း မဲရုံများတွင်မဲပေးစက်များ ဇာတ်တိုက်လေ့ကျင့်ခင်းကျင်းခြင်းကို ဒီဇင်ဘာ ၁၄ ရက်နေ့ နံနက် ၉ နာရီအချိန်က စတင်ကာ တာဝန်ရှိသူများက ရပ်ကွက်များအလိုက် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

တွံတေးမြို့နယ်၌ ပြောင်းရွှေ့ရောက်ရှိလာသည့် ယာယီနေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ငွေပေးအပ်

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်အတွင်းသို့ ပြောင်းရွှေ့ရောက်ရှိလာသည့် ယာယီနေရပ်စွန့်ခွာပြည်သူများ ရောက်ရှိလာသူများအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က အုန်းပင်စုရပ်ကွက်၊ အားကစားနှင့်ကာယပညာဦးစီးဌာနရှိ (ခ) အဆင့် အားကစားရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။

မင်းဘူးမြို့၌ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို ဟောပြောပွဲနှင့် ဓာတ်ပုံနံရံကပ်ပိုစတာပြပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားစေရန်ရည်ရွယ်၍ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို ဟောပြောပွဲနှင့် ဓါတ်ပုံနံရံကပ် ပိုစတာများပြသခြင်းများကို ယမန်နေ့နံနက် ၉ နာရီက နန်းတော်ကုန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌  ပြုလုပ်ခဲ့သည်။

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ယနေ့နံနက်ပိုင်းက ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်သည်။

ကျောက်တံတားမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး မြန်မာအီလက်ထရောနစ်မဲပေးစက်တပ်ဆင်ပုံများ လက်တွေ့တပ်ဆင်ဆောင်ရွက်လျက်ရှိ

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ကျောက်တံတားမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ (၂၈) ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ကျင်းပသွားမည်ဖြစ်ရာ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံများတွင် အသုံးပြုမည့် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) များ တပ်ဆင်ပုံအဆင့်ဆင့် သရုပ်ပြသခြင်းနှင့် လက်တွေ့တပ်ဆင်ဆောင်ရွက်ခြင်းကို ဒီဇင်ဘာ ၁၄ ရက်နေ့ နံနက်ပိုင်းက ဆူးလေဘုရားလမ်းရှိ ဟိုတယ်နှင့် ခရီးသွားလာရေးအဆောက်အဦ၌ ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

စစ်ကိုင်းတိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင် ငလျင်ဘေးပြန်လည်ထူထောင်ရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင်၊ ခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းနှင့်  တာဝန်ရှိသူများသည်  ယနေ့နံနက်ပိုင်းတွင် မန္တလေးငလျင်ကြီးလှုပ်ခတ်ခဲ့မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့်  ရာဇမဏိစူဠာကောင်းမှုတော်စေတီတော်မြတ်ကြီး၏ တောင်ဘက်စောင်းတန်းနှင့် မုခ်ဦး အသစ်ပြန်လည်တည်ဆောက်နေမှု၊    စေတီတော်မြတ်ကြီး ဘက်စုံပြန်လည်ပြုပြင်မွမ်းမံနေမှုများအား ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများနှင့်ပတ်သက်၍တာဝန်ယူဆောင်ရွက်နေသည့် လုပ်ငန်းအဖွဲ့များ၊ ဂေါပကအဖွဲ့များနှင့်တွေ့ဆုံ၍လိုအပ်သည်များကို  ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

သုံးခွမြို့နယ်တွင် ပဲတီစိမ်းစိုက်တောင်သူများအတွက် နည်းပညာပေးသင်တန်းဖွင့်လှစ်

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင် သုံးခွမြို့နယ်တွင် မြန်မာနိုင်ငံမှ ပဲတီစိမ်းအား ပြည်ပနိုင်ငံများသို့ တင်ပို့ရာတွင်ပိုးသတ်ဆေးဓာတ်ကြွင်း ကင်းစင်သော ပဲတီစိမ်းများ စိုက်ပျိုးထုတ်လုပ်တင်ပို့နိုင်ရေးအတွက် စီးပွားရေးနှင့်ကူးသန်းရောင်း၀ယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်‌မြောင်း၀န်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်း၍ ပဲတီစိမ်းစိုက်တောင်သူများအတွက် တောင်သူနည်းပညာပေးသင်တန်းကို သုံးခွမြို့နယ် လေးကျွန်းမာန်အောင်ဘုရားဓမ္မာရုံ၌ ဒီဇင်ဘာ ၁၄ ရက်နေ့ နံနက် ၉ နာရီက ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ညောင်လေးပင်မြို့၌ သမဝါယမစတင်ခြင်း နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် (၁၀) ရာခိုင်နှုန်း လျှော့ချ၍ လူသုံးကုန်ပစ္စည်းများ ရောင်းချပေး

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်၌ သမဝါယမ စတင်ခြင်း (၁၂၁) နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် ယမန်နေ့ နံနက် (၈) နာရီမှ ညနေ (၄) နာရီအထိ မြို့နယ်သမဝါယမအသင်းစုပိုင် လျှပ်စစ်ပစ္စည်းအရောင်းဆိုင်၌ လူသုံးကုန်ပစ္စည်းများအား စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။

ရေတာရှည်မြို့နယ်အတွင်းရှိ ကျေးရွာများသို့ မဲရုံပြင်ဆင်ထားရှိမှု မှန်၊ မမှန် ကွင်းဆင်းစစ်ဆေး

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရေတာရှည်မြို့နယ်အတွင်းရှိ မဲရုံများ စနစ်တကျရှိစေရေးနှင့် လိုအပ်ချက်များမရှိစေရေးအတွက် ယနေ့နံနက်ပိုင်း ၉ နာရီမှစတင်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတာဝန်ရှိသူများက ကွင်းဆင်း၍ လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။
Subscribe to