အမြို့မြို့အနယ်နယ်သတင်းများ

Jun 07,2026
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ပခုက္ကူတက္ကသိုလ်၌ ၂၀၂၆ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ ၃ နာရီက ကျင်းပပြုလုပ်သည်။
Jun 07,2026
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး၏ ဦးဆောင်မှုဖြင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးရုံးမှ ကြီးမှူးကျင်းပသည့် ကရင်ရိုးရာစာပေသင်တန်းနှင့် အခြေခံ စက်ချုပ်သင်တန်းကို ဇွန်လ ၆ ရက်နေ့ နံနက် ၉ နာရီက တွံတေးမြို့နယ်၊ တွံတေးဝကျေးရွာအုပ်စု၊ အဂါတ်တန်းကျေးရွာ ပန်းဥယျာဥ်ဘုန်းတော်ကြီးကျောင်း၌ ကျင်းပခဲ့သည်။
Jun 07,2026
​ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဝန်ထမ်းသားသမီးများအား (၂၀၂၆-၂၀၂၇) ပညာသင်နှစ်အတွက် ပညာသင်စရိတ်နှင့် သင်ထောက်ကူပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၀၉:၀၀ နာရီခန့်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jun 07,2026
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၌ နိုင်ငံတော်အစိုးရ၏ရက်(၁၀၀)လမင်းစီမံချက်ဖြင့် အခြေခံပညာကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်များ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည်။
Jun 07,2026
ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ရက်(၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ခြင်းကို ဇွန် ၆ ရက်က ခေါင်တိုင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jun 07,2026
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်ရှိ အများပြည်သူများ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးမှု တိုးတက်ကောင်းမွန်စေရေးနှင့် ဌာနပိုင် ထရန်စဖော်မာ (Transformer)များ လောင်ကျွမ်းမှု မဖြစ်ပေါ်စေရေးတို့အတွက် ရက်(၁၀၀)စီမံချက်အနေဖြင့် ဇွန်လ ၆ ရက်နေ့ နံနက်ပိုင်းက ၆၁x၁၁၂ လမ်းထောင့်ရှိ ၁၁/၀.၄ ကေဗွီ  (၅၀၀)ကေဗွီအေ ထရန်စဖော်မာ (Transformer)နှင့် ၆၁x၁၁၃လမ်းထောင့်ရှိ ၁၁/၀.၄ကေဗွီ (၃၁၅) ကေဗွီအေထရန်စဖော်မာ (Transformer) (၂)လုံးတို့အား ဝန်အားမျှ ကူနိုင်ရန်အတွက် ၆၀x၁၁၂လမ်း ထောင့်တွင် ၁၁/၀.၄ ကေဗွီ (၃၁၅)ကေဗွီအေ ထရန်စဖော်မာ(Transformer) (၁)လုံး ထပ်မံ တပ်ဆင်ခဲ့သည်။
Jun 07,2026
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင် ဇီးကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း ၍ မြို့နယ်ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာနတွင် မြန်မာအမျိုးသမီးများနေ့(အကြို) စာစီစာကုံးပြိုင်ပွဲနှင့် စာအုပ်ပြပွဲကို ဇွန်လ ၆ ရက်နေ့ နံနက်  ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
Jun 07,2026
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးကြပ်ဆောင်ရွက်မှုဖြင့် သာယာကုန်းခေတ်မီစံပြ ကျေးရွာ၌ ကျေးရွာအင်္ဂါရပ်နှင့်အညီ ကျေးရွာသန့်ရှင်းသာယာလှပစေရေးအတွက် ဇွန်လ ၆ ရက်နေ့ နံနက်ပိုင်းက စွန့်ပစ်အမှိုက်များကို စုပေါင်းအမှိုက်ကောက်ခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။