Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ရေတာရှည်မြို့နယ်တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ပညာဆက်လက်သင်ကြားနိုင်ရေးအတွက် ကျောင်းသားမိဘများနှင့် တွေ့ဆုံပွဲအခမ်း အနားကျင်းပ
Jun 05,2026
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ပညာဆက်လက်သင်ကြားနိုင်ရေးအတွက် ကျောင်းသားမိဘများနှင့် တွေ့ဆုံပွဲအခမ်းအနားကို ယနေ့နံနက် ၁၁ နာရီက အမှတ်(၄)ရပ်ကွက် မှန်စီကျောင်းဓမ္မာရုံ၌ ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းဆတ်မြို့၌ MCCT အာဟာရအသိပညာပေးသင်တန်း ဖွင့်လှစ်
Jun 05,2026
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှကြီးမှူး၍ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးငယ်များအား ငွေကြေးထောက်ပံ့ခြင်းနှင့် MCCT အာဟာရအသိပညာပေးဆင့်ပွားသင်တန်းကို ယနေ့ နံနက်ပိုင်းက ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဖလမ်းမြို့သို့ ပြန်လည်ရောက်ရှိလာသော နိုင်ငံ့ဝန်ထမ်းများအား ဖလမ်းခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့မိမြို့ဖမျာ…
Jun 05,2026
Chin National Defence Force ( CNDF ) ၊ Chin Brotherbood ( CB ) အကြမ်းဖက်သောင်းကျန်းသူများ၏ ယာယီထိန်းချုပ်ထားသော ဖလမ်းမြို့ကို ဧပြီလ ၂၅ ရက်နေ့တွင် တပ်မတော်က အလုံးစုံပြန်လည်သိမ်းယူခဲ့ပြီးနောက် ဖလမ်းမြို့တွင် တာဝန်ထမ်းဆောင်သည့် နိုင်ငံ့ဝန်ထမ်းများ နှင့် ၎င်းတို့၏ မိသားစုဝင်များသည် မော်တော်ယာဉ်များဖြင့် ပြန်လည်ဝင်ရောက်လျက်ရှိရာ ဇွန်လ ၄ ရက်နေ့တွင် ကလေးမြို့၌ တိမ်းရှောင်နေသည့် နိုင်ငံ့ဝန်ထမ်းများနှင့် ၎င်းတို့၏ မိသားစုဝင်များ ဖလမ်းမြို့သို့ မော်တော်ယာဉ်များဖြင့် ပြန်လည်ရောက်ရှိလာကြပြီး ဖလမ်းခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့မိမြို့ဖများနှင့် ဒေသခံပြည်သူများက သောင်းသောင်းဖြဖြ ကြိုဆိုကြသည်။
အပြည့်အစုံ ဖတ်ရန်
တန့်ယန်းမြို့နယ်တွင် ကျန်းမာရေးအဆင့်မြင့်ကျောင်း မြို့နယ်အဆင့် ဆရာဖြစ်သင်တန်း ဖွင့်ပွဲ ကျင်းပ
Jun 05,2026
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် အခြေခံပညာဦးစီးဌာနနှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကျန်းမာရေးအဆင့်မြင့်ကျောင်း မြို့နယ်အဆင့် ဆရာဖြစ်သင်တန်း သင်တန်းဖွင့်ပွဲအခမ်းအနားကို ဇွန်လ ၅ ရက်နေ့ နံနက် ၉ နာရီက အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပ သည်။
အပြည့်အစုံ ဖတ်ရန်
ကြို့ပင်ကောက်မြို့နယ်တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ
Jun 05,2026
ပဲခူးတိုင်းဒေသကြီး ကြို့ပင်ကောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများသည် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက အ.ထ.က ပန်းတင်နှင့် လူစည်ကားရာ မြို့မစည်ပင်သာယာဈေးကြီးတို့တွင် ဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
မှော်ဘီမြို့နယ်၊ ဆပ်သွားတောကျေးရွာအုပ်စု၌ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေး စီမံကိန်းလုပ်ငန်း အကောင်အထည်ဖော် ဆ…
Jun 05,2026
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ မှော်ဘီခရိုင်မှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေးစီမံကိန်းလုပ်ငန်းများအနက်မှ အမျိုးသမီးများအတွက် ဝင်ငွေတိုးတက်ရေးဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်းဖြင့် စက်ချုပ်နည်းပညာသင်တန်းဖွင့်ပွဲ အခမ်းအနားကို မှော်ဘီမြို့နယ်၊ ဆပ်သွားတောကျေးရွာ အုပ်စု၊ ရှမ်းကုန်းကျေးရွာ၊ သာသနာ့ရက္ခိတဓမ္မာရုံ၌ ယနေ့နေ့လယ် ၁ နာရီတွင် ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပန်ဆောင်မြို့၌ တစ်နိုင်တစ်ပိုင် ဇီဇဝါစိုက်ပျိုးခြင်းဖြင့် မိသားစုဝင်ငွေရရှိ
Jun 05,2026
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပန်ဆောင်မြို့၌ သီးနှံမျိုးစုံ၊ ဟင်းသီးဟင်းရွက်နှင့် ပန်းမျိုးစုံစိုက်ပျိုးလျက်ရှိရာ တစ်နိုင်တစ်ပိုင် ဇီဇဝါစိုက်ပျိုးသူများ မိသားစုဝင်ငွေရရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပင်လုံမြို့၌ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်နှင့် ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများ တွေ့ဆုံပွဲအခမ်းအနား ကျင်းပ
Jun 05,2026
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့ မဟာရဌာဘိသာမဂ္ဂီစေတီတော်ရှိ သာသနာ့ရက္ခိတဓမ္မာရုံ၌ ကျင်းပပြုလုပ်သည့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်နှင့်ဌာနဆိုင်ရာများမှ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများ၊ ဆယ်အိမ်မှူးများ၊ လုပ်ငန်းရှင်များနှင့်တွေ့ဆုံပြီး ပင်လုံမြို့ဖွံဖြိုးတိုးတက်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ ဆွေးနွေးပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
168
Page
169
Page
170
Page
171
Current page
172
Page
173
Page
174
Page
175
Page
176
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department