Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ရွှေသောင်ယံမြို့ မကျီးဇင်ကျေးရွာ အ.ထ.က မဉ္ဇူခန်းမဆောင်တွင်မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များအား သင်တန်းပို့ချ
Nov 04,2020
ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ မကျီးဇင်ကျေးရွာအုပ်စုနှင့် ဘောမိကျေးရွာအုပ်စုရှိ မဲရုံများတွင် တာဝန်ထမ်း ဆောင်ကြမည့်မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များအတွက် သင်တန်းပို့ချပေးခြင်း အစီအစဉ်ကို ယမန်နေ့ မွန်းလွဲ(၁)နာရီက အ.ထ.က မကျီးဇင်ရှိ မဉ္ဇူခန်းမဆောင်၌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့တွင် မိုးသည်းထန်စွာရွာသွန်းသဖြင့် လောင်ထောင်ချောင်း ရေလျှံ
Nov 04,2020
မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့နယ်တွင် မိုးအဆက်မပြတ်သည်းထန်စွာ ရွာသွန်းသည့် အတွက် ယခုနှစ် နိုဝင်ဘာလ ၃ ရက်(ယမန်နေ့) ည ၈ နာရီခန့်အချိန်တွင် လောင်ထောင်ချောင်းရေ မြင့်တက်ရေလျှံမှုဖြစ်သွားရာ လယ်မရွာတွင် လူနေအိမ်ခြေ ၃၀ တို့တွင်လည်းကောင်း ၊ ဂန့်ဂေါမြို့ မြို့မရပ်ကွက် ဂန့်ဂေါ- ထီးလင်း ကားလမ်း လောင်ထောင် တံတားအနီး အနိမ့်ပိုင်းရှိ လူနေအိမ်ခြေ ၅ လုံးတို့တွင် လည်းကောင်း ရေ ၅ ပေခန့်ဝင်ရောက်သွားကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကန်ကြီးထောင့်မြို့နယ်အတွင်း မဲရုံများ မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေး
Nov 04,2020
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ ပြည်သူများစိတ်အေးချမ်းသာစွာ ဆန္ဒမဲပေးနိုင်ရေးအတွက် မဲရုံများနှင့် မဲရုံဝန်းကျင် မီးဘေးလုံခြုံရေးများကို မြို့နယ်မီးသတ်ဦးစီးဌာနမှ ယနေ့နံနက် ၁၀ နာရီက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သဲကုန်းမြို့နယ်တွင် မဲဆန္ဒနယ်ပြင်ပရောက်ပြည်ပမဲဆန္ဒရှင်များနှင့် ပြည်တွင်းမဲဆန္ဒရှင်များ၏ ကြိုတင်မဲလက် မှတ်များ မှတ်ပုံတင်ခြင်း၊ ကြိုတင်မဲပုံးထဲသို့ ထည့်သွင်းခြ…
Nov 04,2020
သဲကုန်းမြို့နယ်၌ မဲဆန္ဒနယ်ပြင်ပရောက် မဲဆန္ဒရှင်များ၏ ကြိုတင်ဆန္ဒမဲလက်မှတ်စာအိတ်များအား မှတ်ပုံတင်ခြင်း၊ ကြိုတင်မဲပုံးထဲသို့ ထည့်သွင်းဆောင်ရွက်ခြင်းကို ယမန်နေ့က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ဆောင်ရွက်သည်။
အပြည့်အစုံ ဖတ်ရန်
လောင်းလုံးမြို့၊ (ခ)ရပ်ကွက်တွင်မဲရုံအမှတ်(၁)၌ ကြိုတင်မဲပေးခွင့်ရှိသူများ မဲပေးခြင်းဆောင်ရွက်
Nov 04,2020
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင်၊ လောင်းလုံးမြို့(ခ)ရပ်ကွက်၊ မဲရုံအမှတ်(၁)၌ ကြိုတင်ဆန္ဒမဲပေးခွင့်ရှိသူ (၁၂၅)ဦးရှိကြောင်း ရပ်ကွက်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပုသိမ်မြို့တွင် အသက် ၆၀ နှစ်နှင့်အထက် သက်ကြီးရွယ်အိုများ ကြိုတင်ဆန္ဒမဲများပေး
Nov 04,2020
ဧရာဝတီ တိုင်းဒေသကြီး ပုသိမ်မြို့ ၂၀၂၀ပြည့်နှစ်နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ပုသိမ်မြို့တွင် အသက် ၆၀ နှစ်နှင့်အထက် အဘိုး၊ အဘွားများနှင့် ကြိုတင် မဲပေးပိုင်ခွင့်ရှိသူများသည့် အောက်တိုဘာ ၂၉ ရက်မှစ၍ သက်ဆိုင်ရာ မြို့ပေါ်ရပ်ကွက်များနှင့်ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကြိုနင်ဆန္ဒမဲများ ဆက်လက်ပေးနေကြသည်။
အပြည့်အစုံ ဖတ်ရန်
ညောင်ရွှေမြို့နယ်တွင် ဆန္ဒမဲလက်မှတ်များနှင့် ကျန်းမာရေးအထောက်အကူပြုပစ္စည်များ ရပ်ကွက်နှင့် ကျေးရွာအုပ်စုအလိုက် ခွဲဝေဆောင်ရွက်
Nov 04,2020
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၈ ရက်တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ၌ အသုံးပြုမည့် မဲဆန္ဒနယ်အလိုက် ဆန္ဒမဲလက်မှတ်များ ထုတ်ပေးခြင်းနှင့် ကျန်းမာ ရေးအထောက်အကူပြုပစ္စည်းများအား ရပ်ကွက်နှင့် ကျေးရွာအုပ်စုအလိုက် ခွဲဝေဆောင်ရွက်ခြင်းကို ယနေ့ နံနက်ပိုင်းက ညောင်ရွှေမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဖျာပုံမြို့၌ ဘေးကင်းလုံခြုံစွာဆန္ဒမဲပေးနိုင်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ
Nov 04,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပြည်သူများဆန္ဒမဲပေးရာတွင် ဘေးကင်းလုံခြုံစွာ ဆန္ဒမဲပေးနိုင်ရေး၊ မဲပေးရမည့်နည်လမ်းများကို တစ်ဆင့်ပြီး တစ်ဆင့် သိရှိနိုင်ရေး၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ရန် စသော ပညာပေးလက်ကမ်းစာစောင်များကို ယနေ့နံနက် ၉ နာရီအချိန်က ဖျာပုံမြို့နယ် မြောက်ပိုင်းစျေးနှင့် ချောင်းတွင်းလမ်းမကြီးဘေး၊ လမ်းသွားလမ်းလာ ပြည်သူများအားလိုက်လံဖြန့်ဝေးပေးကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
28386
Page
28387
Page
28388
Page
28389
Current page
28390
Page
28391
Page
28392
Page
28393
Page
28394
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department