အမြို့မြို့အနယ်နယ်သတင်းများ

Jan 29,2021
ရှမ်းပြည်နယ်(တောင်ပိုင်း) ကလောမြို့နယ်အဝင် နန့်ပန်တက်ကျေးရွာ၊ မိုင်တိုင်အမှတ် (၅၃/၄) တွင် ကျန်းမာရေးစစ်ဆေးရေး ဂိတ် ဖွင့်လှစ်၍ အခြားတိုင်းဒေသကြီး/ပြည်နယ်မှ ရှမ်း(တောင်)သို့ ဝင်ရောက်လာသည့် "အတက်ကား" ကုန်တင်ယာဉ်မောင်း/ ယာဉ်နောက်လိုက်တို့အား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိအား Test Kit ဖြင့် စစ်ဆေးဆောင်ရွက်လျက်ရှိရာ ယမန်နေ့ မွန်းလွဲ ၃ နာရီ ၁၀ မိနစ် အချိန်ခန့်က ယာဉ်မောင်းတစ်ဦးထံမှ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိကြောင်း သိရသည်။
Jan 29,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မိုးမိတ်မြို့နယ်တွင် ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၁၀ နာရီ အချိန်က မြို့နယ် ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ စုရပ်ပြုလုပ်၍ ထိုးနှံ ပေးခဲ့ကြောင်းသိရသည်။
Jan 29,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်အတွင်း လက်ရှိတာဝန်ထမ်းဆောင် လျက်ရှိသော ရပ်ကွက် နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၏ ရာထူးသက်တမ်းသည် ၂၀၂၁ ခုနှစ် မတ်လ ၃၁ ရက် နေ့တွင် ကုန်ဆုံးမည် ဖြစ်ပြီး ရပ်ကွက်နှင့်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး အသစ်များကို ဥပဒေ၊ နည်းဥပဒေများနှင့်အညီ အုပ်ချုပ်ရေး အဆင့်ဆင့် ရွေးချယ်ဆောင်ရွက်နိုင်ရေးအတွက်
Jan 29,2021
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ရန်ကုန်တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ် ကျေးလက်‌ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်အဆင့် မြစိမ်းရောင်ကျေးရွာစီမံကိန်း သုံးသပ်ဆွေးနွေးပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၁ နာရီက မကျီးကန်ကျေးရွာ တောင်ပေါ်ကျောင်းဓမ္မာရုံ၌ ကျင်းပခဲ့သည်။
Jan 29,2021
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ နောင်မွန်မြို့နယ် ၊ မြို့နယ် ပြည်သူ့ဆေးရုံ၌ ယမန်နေ့ မွန်းလွဲ ၁ နာရီခန့်က ကျန်းမာရေး ဝန်ထမ်းများအား Covisheild ကာကွယ်ဆေး စတင်ထိုးနှံခဲ့ကြောင်း သိရသည်။
Jan 29,2021
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၌ နိုင်ငံတော်၏ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးဝယ်ယူနိုင်ရေး အတွက် နတ်မောက်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အလှူငွေများလှူဒါန်းလျက်ရှိကြောင်း သိရသည်။