အမြို့မြို့အနယ်နယ်သတင်းများ

Nov 11,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ် လက်ခုပ်ပင်ကျေးရွာနှင့် စုန်းကျင်းမြောက် ကျေးရွာနှစ်ရွာကြား ချင်းတွင်းမြစ်အတွင်း ယခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့ ယနေ့ နံနက်ပိုင်းက မုံရွာမှ နန့်တောသွားသည့် မော်တော် ရေယာဉ်တစ်စီး မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
Nov 11,2020
ရန်ကုန်တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ရေးလုပ်ငန်းများတွင် အထောက်အကူဖြစ်စေရန်နှင့် ပြည်သူများအနေဖြင့် လူစည်ကားရာ ဈေးများတွင် သွားရောက်ဝယ်ယူမှုများ မပြုစေရန် အတွက် ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီနှင့် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှု လုပ်ငန်းရှင်များ အသင်းချုပ် ညီနောင်အသင်းများမှ ပူးပေါင်း၍ ဆန်၊ ဆီနှင့် စားသောက်ကုန်များအား ဈေးနှုန်းချိုသာစွာဖြင့် ယနေ့ နံနက်ပိုင်းက ကျောက်တန်းမြို့နယ် အတွင်း လိုက်လံရောင်ချခဲ့ကြောင်း သိရသည်။
Nov 11,2020
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင်ပုံမှန်ဝင်ငွေမရှိသော အခြေခံအိမ်ထောင်စုများအား ကိုဗစ်-၁၉ ရောဂါဖြစ်ပွား​နေသည့် ကာလအတွင်း စားဝတ်နေရေး အဆင်ပြေစေ​ရေးအတွက် နိုင်ငံတော် အစိုးရမှ ထောက်ပံ့သည့် ​ထောက်ပံ့​ငွေများအား စတုတ္ထအကြိမ် ထောက်ပံ့​ပေးအပ်ခြင်းကို ယနေ့ မွန်းလွဲ(၁)နာရီအချိန်က ရပ်ကွက်အုပ်ချုပ် ရေးမှူးရုံးများ နှင့်ရပ်ကွက် ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ၏နေအိမ်များ၌ စနစ်တကျပေးအပ် လျက်ရှိကြောင်းသိရှိရသည်။
Nov 11,2020
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် လယ်ဝေးမြို့၌ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများအား နိုင်ငံတော်မှစတုတ္ထအကြိမ်အဖြစ် ထောက်ပံ့ငွေများ ထပ်မံပေးအပ်ခြင်းကို ယနေ့ မွန်းလွဲ(၁)နာရီက လယ်ဝေးမြို့ အထွေထွေအုပ်ရေးဦးစီးဌာန အစည်းအဝေးမ၌ ကျင်းပခဲ့သည်။
Nov 11,2020
ကယားပြည်နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအား ထောက်ပံ့ငွေများ လက်ရောက်ပေးအပ်နိုင်ရေးအတွက် သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူး များထံသို့ အဆိုပါ ထောက်ပံ့ ငွေများ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Nov 11,2020
မြင်းခြံမြို့နယ်အတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား လက်လုပ်လက်စား အိမ်ထောင်စုများအား နိုင်ငံတော်မှစတုတ္ထအကြိမ် ထောက်ပံ့ငွေများပေးအပ်ခြင်းကို နိုဝင်ဘာလ ၁၁ ရက် နံနက် ၁၀ နာရီ အချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပေးအပ်ခဲ့သည်။
Nov 11,2020
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် လက်ပံတန်းမြို့နယ်သို့ ရွေးကောက်ပွဲစောင့်ကြည့် လေ့လာရန်အတွက် လာရောက်ခဲ့သည့် အာရှကွန်ယက်အဖွဲ့မှ ဖိလစ်ပိုင် နိုင်ငံသူနှင့် စကားပြန်တို့တွင် ကိုဗစ်-၁၉ပိုးတွေ့ရှိခဲ့သဖြင့် ၎င်းတို့နှင့်ထိတွေ့သူများအား ယနေ့နံနက် ၉နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးရုံး၌ RDT ဖြင့်ကိုဗစ်-၁၉ ပိုးရှိမရှိစစ်ဆေးခဲ့သည်။
Nov 11,2020
နွားထိုးကြီးမြို့နယ်၌ ကိုဗစ်-၁၉ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်း စားများအား နိုင်ငံတော်အစိုရမှ အိမ်ထောင်တစ်စုလျှင် ငွေကျပ် (၂၀၀၀၀) နှုန်းဖြင့် စတုတ္ထအကြိမ် မြောက် ထောက်ပံ့ငွေများပေးအပ်ပွဲကို ယနေ့နံနက် ၁၀ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။