အမြို့မြို့အနယ်နယ်သတင်းများ

Jan 28,2021
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်လုံးဆိုင်ရာ နာရေးကူညီမှုအသင်း၏ (၁၁)ကြိမ်မြောက် နှစ်ပတ်လည် အခမ်းအနားတွင် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီခန့်တွင် ပတ္တမြားမင်းကျောင်း ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။
Jan 28,2021
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန လက်အောက်ရှိ ဌာနများမှ ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် စတင်ထိုးနှံခြင်းကို ယမန်နေ့ ညနေ ၃ နာရီအချိန်က မြို့နယ်ပြည်သူ့ဆေးရုံတွင် စတင်ဆောင်ရွက်ခဲ့သည်။
Jan 28,2021
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် ခရိုင်မီးသတ်ဦးစီးဌာန (၂၀၂၀-၂၀၂၁) ဘဏ္ဍာနှစ် ၏ တိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်သည့် လုပ်ငန်းများ ၅၀ ရာခိုင်နှုန်း ပြီးစီးမှုအား မြို့နယ်လွှတ်တော် ကိုယ်စားလှယ် ဦးဇော်မိုး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းဆန်းနှင့် တည်ဆောက်ရေး ကြီးကြပ်မှု ကော်မတီမှ တာဝန်ရှိသူများက ယမန်နေ့ နေ့လည် ၁၂ နာရီက လုပ်ငန်းဆောင်ရွက်ရာ ခရိုင်မီးသတ် ဦးစီးဌာနရုံးသို့ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
Jan 28,2021
နိုင်ငံတော်၏ ကိုဗစ်-၁၉ ကာကွယ်ဆေး ဝယ်ယူရေး ရန်ပုံငွေသို့ လက်ပံတန်းမြို့နယ် ကိုယ်စားပြု ထည့်ဝင်နိုင်ရန် မြို့နယ်မှ စီစဉ်ဆောင်ရွက်လျက်ရှိရာ ကိုဗစ်-၁၉ ကာကွယ် ဆေးဝယ်ယူ‌ရေး ရန်ပုံငွေအတွက် ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်ရင်ဇနီး ဒေါ်သန်းသန်းအေး မိသားစုမှ အလှူငွေကျပ်(၁၀)သိန်းကို ယနေ့ နံနက်ပိုင်းက မြို့နယ် စည်ပင်သာယာရေးအဖွဲ့ရုံး၌ ထည့်ဝင်လှူဒါန်းခဲ့ရာ လက်ပံတန်းမြို့နယ် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များက လက်ခံခဲ့ကြကြောင်း သိရသည်။
Jan 28,2021
မ​ကွေးတိုင်း​ဒေသကြီး၊ ပခုက္ကူခရိုင်၊​ ပေါက်မြို့နယ်အတွင်းရှိ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန လက်အောက်ရှိ ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးစတင်ထိုးနှံပေးခြင်းကို ယနေ့နံနက် ၈ နာရီက စတင်၍ ပေါက်မြို့နယ် ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ ကာကွယ်ဆေး ထိုးနှံဆောင်ရွက်နေကြောင်း သိရသည်။
Jan 28,2021
ဧရာ၀တီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့တွင် မအူပင်မြို့နယ်ကျန်းမာရေး ဦးစီးဌာန၏ ဝန်ထမ်းများအား (ကိုဗစ်-၁၉) COVISHIELD ကာကွယ်ဆေး စတင်ထိုးခြင်းကို ခရိုင်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနရုံးတွင် ယမန်နေ့ နေ့လည်ပိုင်းက ခရိုင် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ဒေါက်တာခင်မာစိုးနှင့် တာဝန်ရှိသူများက ကာကွယ်ဆေး ထိုးနှံပေးကြောင်း သိရသည်။
Jan 28,2021
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်တွင် မြို့နယ်လူငယ်ရေးရာ ကော်မတီက ကျင်းပသော မြန်မာနိုင်ငံ၏ လူငယ်ရေးရာမူဝါဒပါ အဓိကအကောင်အထည်ဖော် ဆောင်ရွက်ရမည့် အခန်းကဏ္ဍကြီး(၁၆)ရပ်မှ စာပေ၊ အနုပညာ၊ ယဉ်ကျေးမှုကဏ္ဍဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက် (၁၀)နာရီက ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနရုံး၌ ကျင်းပသည်။
Jan 28,2021
ဧရာ၀တီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် ရန်ကုန်မြို့(အောင်ရတနာသင်္ကန်း)တိုက် သီဟသုဓမ္မမဏိဇောတရ ဦးအောင်သန်းစိန်+ဇနီးဒေါ်အေးမြင့်သန်း၊ သမီးမစိုးစိုးသန်း မိသားစုက မအူပင်မြို့နယ် အတွင်းရှိ လင်္ကျားကြီးကျေးရွာအုပ်စု ပန်းလှိုင်ခတ္တိယ တံတားထိပ်မှ မလက်တိုကျေးရွာ တံတားထိပ် ကားလမ်း ဝဲ/ယာတွင် နေထိုင်သည့် အိမ်ခြေ (၈၀၁)အိမ်၊ မိသားစု(၈၀၁)စုတို့အား ကိုဗစ်-၁၉ ကာလတွင် အလုပ်အကိုင်အခွင့်အလမ်း ပါးရှားသဖြင့် စားဝတ်နေရေး အဆင်ပြေစေရန်၊ တစ်အိမ်ထောင်လျှင် ငွေကျပ်နှစ်သောင်းနှင့် နှစ်ယောက်အိပ် ခြုံစောင်တစ်ထည် လှူဒါန်းခဲ့သည်။