Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ရပ်ကွက်နှင့်ကျေးရွာများသို့ အိမ်ထောင်စုဇယားများ ကွင်းဆင်းဆောင်ရွက်
Jan 28,2021
ရပ်ကွက်(သို့)ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး၊ ကျေးရွာတာဝန်ခံ၊ ဆယ်အိမ်မှူး ၊ ရာအိမ်မှူး များ ရွေးချယ် နိုင်ရေးနှင့်ပတ်သက်၍ ပြည်သူများ၏အိမ်ထောင်စုဇယားများ ရရှိစေရေးအတွက် စီမံချက်ရေးဆွဲ၍ ရှမ်းပြည်နယ် ( တောင်ပိုင်း ) ၊ လင်းခေးခရိုင် ၊ မောက်မယ်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အား ဆိုင်ရာဦးစီးဌာနမှူးရုံးမှ ဝန်ထမ်းများက ယနေ့နံနက် ၁၀ နာရီက တောင်မြို့ရပ်ကွက်သို့ ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဖားဆောင်းမြို့နယ်အတွင်းရှိ ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံ
Jan 28,2021
ကယားပြည်နယ်၊ ဖားဆောင်းမြို့နယ်အတွင်းရှိ ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့ နံနက်(၉)နာရီအချိန်က မြို့နယ်ပြည်သူ့ ဆေးရုံကြီး အစည်းအဝေးခန်းမ၌ ပထမအကြိမ် စတင်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တိုက်ကြီးမြို့နယ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း သုံးသပ်ဆွေးနွေးပွဲနှင့် စံပြကျေးရွာ ရွေးချယ်ပွဲ အခမ်းအနားကျင်းပ
Jan 28,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ မြို့နယ်အဆင့် မြစိမ်းရောင်ကျေးရွာစီမံကိန်း သုံးသပ်ဆွေးနွေးပွဲနှင့် စံပြကျေးရွာ ရွေးချယ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်ခန့်က မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေး ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရွှေကူမြို့နယ်လုံးဆိုင်ရာ နာရေးကူညီမှုအသင်း၏ (၁၁)ကြိမ်မြောက် နှစ်ပတ်လည် အခမ်းအနားတွင် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်
Jan 28,2021
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်လုံးဆိုင်ရာ နာရေးကူညီမှုအသင်း၏ (၁၁)ကြိမ်မြောက် နှစ်ပတ်လည် အခမ်းအနားတွင် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီခန့်တွင် ပတ္တမြားမင်းကျောင်း ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မြိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ်စတင်ထိုးနှံ
Jan 28,2021
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန လက်အောက်ရှိ ဌာနများမှ ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် စတင်ထိုးနှံခြင်းကို ယမန်နေ့ ညနေ ၃ နာရီအချိန်က မြို့နယ်ပြည်သူ့ဆေးရုံတွင် စတင်ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မအူပင်ခရိုင် မီးသတ်ဦးစီးဌာန၏ (၂၀၂၀-၂၀၂၁)ဘဏ္ဍာနှစ် တိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်သည့် လုပ်ငန်းများ ၅၀% ပြီးစီးမှု ကြည့်ရှုစိစစ်
Jan 28,2021
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် ခရိုင်မီးသတ်ဦးစီးဌာန (၂၀၂၀-၂၀၂၁) ဘဏ္ဍာနှစ် ၏ တိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်သည့် လုပ်ငန်းများ ၅၀ ရာခိုင်နှုန်း ပြီးစီးမှုအား မြို့နယ်လွှတ်တော် ကိုယ်စားလှယ် ဦးဇော်မိုး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းဆန်းနှင့် တည်ဆောက်ရေး ကြီးကြပ်မှု ကော်မတီမှ တာဝန်ရှိသူများက ယမန်နေ့ နေ့လည် ၁၂ နာရီက လုပ်ငန်းဆောင်ရွက်ရာ ခရိုင်မီးသတ် ဦးစီးဌာနရုံးသို့ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ကိုဗစ်-၁၉ ကာကွယ်ဆေးဝယ်ယူရန် အလှူငွေ ကျပ်(၁၀) သိန်းထည့်ဝင်လှူဒါန်း
Jan 28,2021
နိုင်ငံတော်၏ ကိုဗစ်-၁၉ ကာကွယ်ဆေး ဝယ်ယူရေး ရန်ပုံငွေသို့ လက်ပံတန်းမြို့နယ် ကိုယ်စားပြု ထည့်ဝင်နိုင်ရန် မြို့နယ်မှ စီစဉ်ဆောင်ရွက်လျက်ရှိရာ ကိုဗစ်-၁၉ ကာကွယ် ဆေးဝယ်ယူရေး ရန်ပုံငွေအတွက် ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်ရင်ဇနီး ဒေါ်သန်းသန်းအေး မိသားစုမှ အလှူငွေကျပ်(၁၀)သိန်းကို ယနေ့ နံနက်ပိုင်းက မြို့နယ် စည်ပင်သာယာရေးအဖွဲ့ရုံး၌ ထည့်ဝင်လှူဒါန်းခဲ့ရာ လက်ပံတန်းမြို့နယ် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များက လက်ခံခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပေါက်မြို့နယ်အတွင်းရှိ ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံပေး
Jan 28,2021
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်အတွင်းရှိ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန လက်အောက်ရှိ ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးစတင်ထိုးနှံပေးခြင်းကို ယနေ့နံနက် ၈ နာရီက စတင်၍ ပေါက်မြို့နယ် ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ ကာကွယ်ဆေး ထိုးနှံဆောင်ရွက်နေကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25302
Page
25303
Page
25304
Page
25305
Current page
25306
Page
25307
Page
25308
Page
25309
Page
25310
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department