Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
နမ့်စန်မြို့နယ်တွင် ကျန်းမာရေးဝန်ထမ်းများကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ်စတင်ထိုးနှံ
Jan 28,2021
ရှမ်းပြည်နယ်တောင်ပိုင်း ၊ လွိုင်လင်ခရိုင် ၊ နမ့်စန်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ပထမအကြိမ်စတင်ထိုးနှံခြင်းကို ယနေ့နံနက် ၈နာရီခွဲ က မြို့နယ်ပြည်သူ့ဆေးရုံတွင် ဆောင်ရွက်၍ မြို့နယ်ကျန်းမာရေးဝန်ထမ်းများကို စတင်ထိုးနှံပေးခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
လှိုင်းဘွဲမြို့နယ်တွင် သမ္ဘာန်ကျေးရွာနှင့်နောင်သငဲ့ကျေးရွာတွင် ကိုယ်ဝန်ဆောင်မိခင်နှင့်အသက်(၂)အောက် ကလေးငယ်များအား ထောက်ပံ့ငွေများ ပေးအပ်
Jan 28,2021
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ် ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ် အောက် ကလေးငယ်များအား ပထမ(၃) လပတ် ( MCCT ) အကျိုး ခံစားခွင့်ရှိသူများ ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယမန်နေ့က သမ္ဘာန်ကျေးရွာ နှင့် နောင်သငဲ့ကျေးရွာတွင် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လှိုင်းဘွဲမြို့နယ်တွင် လူမှုရေးပင်စင် အကျိုးခံစားခွင့်ရှိသော အသက်(၈၅)နှစ်အထက် သက်ကြီး ဘိုးဘွားများအား အိမ်တိုင်ရာရောက် ထောက်ပံ့ငွေများပေးအပ်
Jan 28,2021
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် လူမှုန်ဝန်ထမ်းဦးစီးဌာမှ ထောက်ပံ့ပေးသည့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ပထမ(၃)လပတ်အတွက် အကျိုးခံစားခွင့်ရှိ သည့် အသက်(၈၅)နှစ်အထက် သက်ကြီး ဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေများကို ယမန်နေ့က ကရင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်
အပြည့်အစုံ ဖတ်ရန်
ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ကျန်းမာရေးဝန်ထမ်းများအား ပထမအကြိမ် ကိုဗစ် -၁၉ ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံပေး
Jan 28,2021
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနလက်အောက်ရှိ ကျန်းမာရေးဝန်ထမ်းများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ ကာကွယ်ဆေးထိုးနှံခြင်းညွှန်ကြားချက်များနှင့် အညီ စတင်ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။ ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ကာကွယ်ဆေးရရှိနိုင်မှုအပေါ်မူတည်၍ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဦးစားပေးအု ပ်စု များအလိုက် ကာကွယ်ဆေးထိုးနှံမည့်အစီအစဉ်အရ ပထမအကြိမ်အဖြင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (၂၅)လုံးရရှိခဲ့ပြီး ကာကွယ်ဆေး(၁)လုံးလျင် လူဦးရေ (၁၀)ဦးခန့်ထိုးနှံနိုင်ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
သံတောင်ကြီးမြို့နယ်တွင် ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနမှ ဝန်ထမ်း(၂၁၉) ဦးအားကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးခြင်းစတင်ဆောင်ရွက်
Jan 28,2021
ကရင်ပြည်နယ် ၊ ဘားအံခရိုင် ၊ သံတောင်ကြီးမြို့နယ်တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ဝန်ထမ်း(၂၁၉)ဦးအားယမန်နေ့ နေ့လည်(၂)နာရီအချိန်က သံတောင်ကြီးမြို့ ပြည်သူ့ဆေးရုံ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို စတင်ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ကိုဗစ်- ၁၉ ရောဂါကြိုတင်ကာကွယ်ရေးနှင့် သဘာဝဘေးအန္တရာယ် ဆိုင်ရာများအား အသိပညာပေးလှုံ့ဆော်၍ Mask များဖြန့်ဝေ
Jan 28,2021
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီး ဌာနက ဦးဆောင်၍ ပူးပေါင်းအဖွဲ့ဖြင့် ကိုဗစ်-၁၉ အဆုတ်ရောင်ရောဂါကူးစက်ပျံ့နံ့မှု ကာကွယ်ထိန်းချု်ပရေးဆိုင်ရာ နည်းလမ်းများကို ဒေသခံပြည်သူများက ကျယ်ကျယ်ပျံ့ပျံ့သိရှိပြီး သတိရှိရှိလိုက်နာဆောင်ရွက်နိုင်ရန် ရည်ရွယ်လျက် ယမန်နေ့ ည၇နာရီအချိန်မှစ၍ ချောင်းကြီးရပ်ကွက်နှင့်ချောင်းငယ်ရပ် ကွက်အတွင်း မြို့တွင်းလမ်းများအတိုင်း လက်ကိုင်အသံချဲ့စက်ဖြင့် အသိပေး လှုံ့ဆော်ပေးရင်းဖြင့်
အပြည့်အစုံ ဖတ်ရန်
ကျေးသီးမြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစား ထပ်တိုးအိမ်ထောင်စုများအား (ပဉ္စမအကြိမ်) ထောက်ပံ့ငွေ ပေးအပ်
Jan 28,2021
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ်တွင် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နေသည့် ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား ထပ်တိုး အိမ်ထောင်စုများ စားဝတ်နေရေးအခက်အခဲ မဖြစ်ပေါ်စေရန်အတွက် နိုင်ငံတော်မှပေးအပ်သည့် ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယမန်နေ့မွန်းလွဲပိုင်း က မြို့ပေါ်ရပ်ကွက်(၂) ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၉)အုပ်စုအတွင်းရှိ ပုံမှန်ဝင်ငွေမရှိသည့် ထပ်တိုးအိမ်ထောင်စုများထံသို့ (ပဉ္စမအကြိမ်)ထောက်ပံ့ငွေ ပေးအပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းလုံမြို့ အလယ်ရပ်ကွက်တွင် ပြည်သူများစုပေါင်း၍ ရေနှုတ်မြောင်းဆောင်ရွက်
Jan 28,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့ အလယ်ရပ်ကွက်တွင် ပြည်သူများစုပေါင်း လှူဒါန်းမှုဖြင့် လမ်းဖြတ်ကူးရေနှုတ်မြောင်းအသစ် ဖောက်လုပ်ခြင်းကို ဇန်နဝါရီ (၂၆) ရက်နေ့နံနက်ပိုင်း က ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25306
Page
25307
Page
25308
Page
25309
Current page
25310
Page
25311
Page
25312
Page
25313
Page
25314
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department