Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
လဲချားမြို့နယ်၌ ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး စတင်ထိုးနှံ
Jan 28,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ယနေ့ နံနက် ၉ နာရီအချိန် မြို့နယ်ပြည်သူ့ဆေးရုံ ဇီဝိတဒါနသံဃာ့ဆောင်တွင် ပထမအကြိမ်စတင်ထိုးနှံပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
တောင်ပေါ်ကျေးရွာသို့ ဘိန်းစိုက်ပျိုးမှု လျော့နည်းပပျောက်စေရေး ကွင်းဆင်း အသိပညာပေး ဟောပြော
Jan 28,2021
ကျေးလက်နေပြည်သူများ ဘိန်းစိုက်ပျိုးမှုပပျောက်စေရေးနှင့် မူးယစ်ဆေးဝါးအန္တရာယ်နှင့် ပတ်သက်၍ သိရှိနားလည်လာစေရေးအတွက် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ နားသံကျေးရွာအုပ်စု၊ ပချားကလိုကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ယမန်နေ့ နံနက် ၁၀ နာရီက ဘိန်းစိုက်ပျိုးမှုလျော့နည်းပပျောက်စေရေး ကွင်းဆင်းအသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပင်လောင်းမြို့နယ် ပင်မွန်းကျေးရွာအုပ်စုအတွက် အုပ်စုအုပ်ချုပ်ရေးမှူးအသစ် ရွေးချယ်နိုင်ရေး ကြီးကြပ်ရေးအဖွဲ့ရွေးချယ်
Jan 28,2021
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် ပင်မွန်းကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးအသစ်ရွေးချယ်ရာတွင် အုပ်ချုပ်ရေး ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ရွေးချယ် ခန့်အပ်နိုင်ရေးအတွက် ကြီးကြပ်ရေးအဖွဲ့အား ရွေးချယ်ခြင်းကို ယမန်နေ့နံနက်ပိုင်းက ဆောင်းတွံကျေးရွာ ဘုန်းကြီးကျောင်း၌ ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
လွိုင်လင်မြို့သို့ ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေးများရောက်ရှိ
Jan 27,2021
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့နယ်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ဝန်ထမ်းများအား ကာကွယ်ဆေးထိုးနှံပေးရန် ကိုဗစ်-၁၉ ကာကွယ်ဆေးများ ယနေ့ညနေ (၅)နာရီအချိန်ကရောက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
(၉၄)ကြိမ်မြောက်ညောင်လေးပင်မြို့လုံးဆိုင်ရာ နှစ်ကျိပ်ရှစ်ဆူ ဒေသစာရီလှည့်လည်ပူဇော်ပွဲ အစဉ်အလာမပျက်ကျင်းပ
Jan 27,2021
ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့တွင် မြို့သူမြို့သားများ ဘေးအန္တရာယ် ခပ်သိမ်းကင်းငြိမ်းစေရန် နှစ်စဉ်ကျင်းပမြဲ ဖြစ်သော ညောင်လေးပင်မြို့လုံး ဆိုင်ရာ နှစ်ကျိပ်ရှစ်ဆူဗုဒ္ဓပူဇနိယပွဲတော်ကို ယခုနှစ်တွင် လူစုလူဝေးမဖြစ်စေရန်အတွက် မော်တော်ယာဉ်များဖြင့်သာ ယမန်နေ့ ညနေ ၅ နာရီအချိန်မှစ၍ အစဉ်အလာမပျက် (၉၄)ကြိမ်မြောက် ဒေသစာရီ လှည့်လည် ပူဇော်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ကမာရွတ်မြို့နယ် အမှတ် ၂ ရပ်ကွက်အတွင်းရှိ အနော်ရထာအိမ်ရာဝင်းအတွင်း ကိုဗစ် ကာကွယ်ဆေးထိုးနှံ ရေး အတွက် အသက် ၁၈ နှစ်အထက်လူဦးရေးစာရင်းကောက်ယူ
Jan 27,2021
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ်တွင် ကိုဗစ်ရောဂါ ကာကွယ်ဆေးထိုးနှံနိုင်ရန် ရပ်ကွက်နှင့် ကျေးရွာများရှိ အသက် ၁၈ နှစ်နှင့်အထက် လူဦးရေစာရင်း ကြိုတင်ကောက်ယူထားကြရန် ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှ ရာအိမ်မှူးများသို့ ယမန်နေ့ညနေက ပုံစံများထုတ်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
စဉ့်ကူးမြို့နယ်၌ ကြီးကြပ်ရေးအဖွဲ့ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်ခြင်းဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများအား အသိပညာပေး ရှင်းလင်းဆွေးနွေးပွဲများ ကွင်းဆ…
Jan 27,2021
အပြည့်အစုံ ဖတ်ရန်
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံပေးနေမှုအခြေအနေနှင့် မုံရွာမြို့ပေါ်ရှိ Quaranti…
Jan 27,2021
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်သည် တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ နှင့်အတူ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်၊ ခရိုင်/မြို့နယ် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌများ လိုက်ပါ၍ ယနေ့ နံနက်(၉)နာရီက မုံရွာမြို့ပေါ်ရှိ ကိုဗစ်-၁၉ ရောဂါ ပြန့်ပွားမှု ထိန်းချုပ်ကာကွယ်ရေးအတွက် အား/ကာသိပ္ပံကျောင်းရှိ အမျိုးသား/ အမျိုးသမီးဆောင်တို့တွင် Positive လူနာထားရှိရန် စစ်ကိုင်းတိုင်းဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်း၏ လှူဒါန်းမှုဖြင့် စီစဉ်ဆောင်ရွက်ထားရှိမှုအခြေအနေ၊ နန္ဒဝန် အိမ်ရာစခန်းရှိ Quarantine Center ၊ စီးပွားရေးတက္ကသိုလ် Quarantine Center ၊ ဒေါနခြံရပ်ကွက်ရှိ Quarantine Center များနှင့် မုံရွာ ကိုဗစ်-၁၉ ရောဂါစစ်ဆေးရေးဂိတ်တို့အား သွားရောက်ကြည့်ရှု စစ်ဆေးပြီး စားသောက်ဖွယ်ရာမျိုးစုံတို့ကို ထောက်ပံ့ပေး အပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25316
Page
25317
Page
25318
Page
25319
Current page
25320
Page
25321
Page
25322
Page
25323
Page
25324
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department