အမြို့မြို့အနယ်နယ်သတင်းများ

Jan 28,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန၏ မြစိမ်းရောင် ကျေးရွာစီမံကိန်း ဆန်းစစ်သုံးသပ်ဆွေးနွေးပွဲကို ယမန်နေ့ နေ့လည် (၁၁) နာရီအချိန် က မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ မြစိမ်းရောင်စီမံကိန်းဝင် ကျေးရွာကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။
Jan 28,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ ဧရာဝတီ ကိုဗစ်-၁၉ ကုသရေးစင်တာတွင်
Jan 28,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ယမန်နေ့ နံနက်ပိုင်း မှ စတင်၍ ကျန်းမာရေးဝန်ထမ်း(၉၃)ဦးအား ကိုဗစ်−၁၉ ကာကွယ်ဆေး စတင်ထိုးနှံပေးလျက်ရှိသည်။
Jan 28,2021
ရန်ကုန်မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ်အတွင်းရှိ ကျန်းမာရေးဝန်ထမ်းများအား အိန္ဒိယ နိုင်ငံထုတ် ကိုဗစ်-၁၉ ကာကွယ်ဆေး COVISHIELD ပထမအကြိမ် ထိုးနှံပေးခြင်းကို ယမန်နေ့ နေ့လယ်(၁)နာရီက မြို့နယ်ပြည်သူ့ ဆေးရုံနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရှိ အစည်း အဝေးခန်းမနေရာတို့တွင် အဖွဲ့ (၂)ဖွဲ့ခွဲ၍ ထိုးနှံပေး ခဲ့သည်။
Jan 28,2021
ယနေ့(ဇန်နဝါရီလ-၂၈)ရက်နေ့တွင် စတင်ခွင့်ပြုပေးတော့မည့် ရှမ်း/မြောက်ဒေသတွင်းမှ မိဘပြည်သူများ လားရှိုးမြို့အတွင်းသို့ ညအိပ်၊ညနေလာရောက်ခွင့်ပြုပေးမည့်အစီအစဉ်ကို ရက်သတ္တပတ်(၇)ရက် နောက်ဆုတ်လိုက်ကြောင်း ယနေ့ နံနက်ပိုင်းအချိန်တွင် လားရှိုး မြို့နယ်ကိုဗစ်ရောဂါ ကာကွယ်၊ထိန်းချုပ်၊ကုသရေးကော်မတီဥက္ကဋ္ဌ ဦးအာကာလင်း ထံမှ သိရသည်။
Jan 28,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံခြင်းကို ယမန်နေ့ နံနက် ၉ နာရီခန့်မှ စတင်ကာ မြို့နယ်ပြည်သူ့ဆေးရုံ အစည်း အဝေးခန်းမ၌ ကျန်းမာရေး ဝန်ထမ်းများအား စတင်ထိုးနှံ ပေးကြောင်း သိရသည်။
Jan 28,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင် ၊မိုင်းပျဉ်းမြို့၌ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး အသစ်များ ရွေးချယ်နိုင်ရေးထပ်ဆင့် အသိပညာပေးခြင်းနှင့်ကြီးကြပ်ရေး အဖွဲ့ရွေးချယ်ခြင်းလုပ်ငန်းများကို ယမန်နေ့ မွန်းလွဲ ၁နာရီအချိန်က ယမ်းမိုင်ကျေးရွာဘုန်းတော်ကြီးကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jan 28,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် ပြည်သူ့ဆေးရုံတွင် ဇန်နဝါရီလ ၂၇ ရက် နံနက်ပိုင်းက စတင်၍ မြို့နယ်အတွင်းရှိ ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ ကျန်းမာရေး ဝန်ထမ်း၊ တိုင်းရင်း​ဆေးပညာ ဦးစီးဌာနမှ ဝန်ထမ်းနှင့် အားကစားနှင့်ကာယပညာ ဦးစီးဌာနမှ ဝန်ထမ်း ၁၆၈ ဦးတို့အား မြို့နယ်ပြည်သူ့​ဆေးရုံ အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံပေးခဲ့​ကြောင်း သိရသည်။