Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
နမ္မတူမြို့နယ် ကြူဆော့၊ လီဆူး (IDP)စခန်းရှိ တိုက်ပွဲရှောင်ပြည်သူ (၃၉၀)ဦးအား ထောက်ပံ့ငွေ ပေးအပ်
Jan 28,2021
Funded by European Union ၏ ပံ့ပိုးကူညီမှုဖြင့် ဒိန်းမတ်လူမှုကူညီရေးအသင်းနှင့် ဂရုဏာလူမှုစည်းလုံးညီညွတ်ရေးအသင်း (KMSS) တို့ ပူးပေါင်း၍ နမ္မတူမြို့နယ်၊ ကြူဆော့၊ လီဆူး (IDP) စခန်းရှိ တိုက်ပွဲရှောင်ပြည်သူ (၃၉၀)ဦးအား ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့ က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ရှိ ကြူဆော့ (IDP)စခန်း ခန်းမ၌ ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပုလဲမြို့နယ်အတွင်းရှိ ကျန်းမာရေးဝန်ထမ်းများအား ပထမအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေး စတင်ထိုးနှံပေး
Jan 28,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့၊ မြို့နယ်ပြည်သူ့ဆေးရုံ၌ ယမန်နေ့ နံနက် ၉နာရီ က မြို့နယ် အတွင်းရှိ ကျန်းမာရေး ဝန်ထမ်းများအား ပထမအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေး စတင် ထိုးနှံပေးခြင်း လုပ်ငန်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်မဲမြို့နယ်ရှိ ကျန်းမာရေးဝန်ထမ်းများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး စတင်ထိုးနှံပေး
Jan 28,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်အတွင်းရှိ ကျန်းမာရေး ဝန်ထမ်းများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမအကြိမ် စတင်ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၁၀ နာရီ အချိန်က ကျောက်မဲမြို့နယ် မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းဖြတ်မြို့နယ်တွင် ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးစတင်ထိုးနှံပေး
Jan 28,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီး ဌာနရှိ မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ယနေ့နံနက် ၈နာရီအချိန် က စတင်၍ ကျန်းမာရေးဝန်ထမ်းများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လွိုင်ကော်မြို့တွင် ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ပြန်လည်ရွေးချယ်နိုင်ရေး အုပ်ချုပ်ရေး ဥပဒေနှင့် နည်းဥပဒေဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေ…
Jan 28,2021
ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် လာမည့်အစိုးရ သက်တမ်းအတွက် ရပ်ကွက်(သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ထမ်းဆောင်နိုင်ရေး ပြန်လည်ရွေးချယ်နိုင်ရန် အတွက် ပြည်သူများအား အုပ်ချုပ်ရေး ဥပဒေနှင့် နည်းဥပဒေပါ ပြဋ္ဌာန်းချက်များ ချပြရှင်းလင်း ဆွေးနွေးအသိပညာပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက လွိုင်ကော်မြို့၊ နောင်ယား(က) ရပ်ကွက်၊ အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်း၌ ပြုလုပ်ခဲ့ သည်။
အပြည့်အစုံ ဖတ်ရန်
ကွတ်ခိုင်မြို့နယ်အတွင်းရှိ ကုသရေးနှင့်ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်−၁၉ ကာကွယ်ဆေး စတင်ထိုးနှံပေး
Jan 28,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်အတွင်းရှိ ကုသရေးနှင့်ကျန်းမာရေးဝန်ထမ်း (၁၀၀)ဦးအား ယနေ့ နံနက်ပိုင်းက မြို့နယ်ပြည်သူဆေးရုံ စုရပ်နေရာ၌ ကိုဗစ်−၁၉ ကာကွယ်ဆေး(ပထမအကြိမ်) စတင်ထိုးနှံပေးသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းပျဉ်းမြို့နယ်တွင် ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးစတင်ထိုးနှံ
Jan 28,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ် ပြည်သူ့ဆေးရုံတွင် ယနေ့နံနက် ၈နာရီကစ၍ မိုင်းပျဉ်းမြို့နယ်အတွင်း တာဝန်ထမ်းဆောင်လျှက်ရှိသော ကျန်းမာရေးဝန်ထမ်းများ အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံပေးလျှက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းယုမြို့၌ ကိုဗစ်ကော်မတီမှ နှာခေါင်းစည်း(Mask)မတပ်ဘဲ သွားလာသူများအား အခုဝယ်အခုတပ်စနစ် ဆောင်ရွက်
Jan 28,2021
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယုမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုများ ကြိုတင်ကာကွယ်တားဆီးနိုင်ရေး၊ ရောဂါဖြစ်ပွားမှုနှုန်းလျော့ချနိုင်ရေးတို့အတွက် နှာခေါင်းစည်း (Mask) မတပ်ပဲ လမ်းသွား/လမ်းလာပြည်သူများကို မြို့ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ကော်မတီအဖွဲ့မှ အခုဝယ်/အခုတပ်စနစ်ဖြင့် ယနေ့နံနက်ပိုင်း က ရှောင်တခင်စစ်ဆေးခြင်းများကို ပြုလုပ်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25312
Page
25313
Page
25314
Page
25315
Current page
25316
Page
25317
Page
25318
Page
25319
Page
25320
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department