Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ချင်းရွှေဟော် မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဂိတ်မှ နေရပ်ပြန်ပြည်သူများ ထပ်မံဝင်ရောက်
Jan 26,2021
တရုတ်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား နေရပ်ပြန်ပြည်သူများသည် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့ မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဂိတ်ပေါက်မှ နေ့စဉ်ဝင်ရောက် လျက်ရှိရာ ယမန်နေ့ ညနေ(၆)နာရီအချိန်က နေရပ်ပြန်ပြည်သူ(၁၀)ဦး ထပ်မံဝင်ရောက်လာခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်တလုံးကြီးမြို့၌ သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများပေးအပ်
Jan 26,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့တွင် ယနေ့နံနက် ၁၀ နာရီ အချိန်ခန့်က သက်ကြီးဘိုးဘွားများအတွက် လူမူရေးပင်စင်ထောက်ပံ့ငွေများကို အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုးမိတ်မြို့နယ်၌ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စု(၄၀၄၉)စုအား ပဉ္စမအကြိမ်မြောက် ထောက်ပံ့ငွေပေးအပ်
Jan 26,2021
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မိုးမိတ်မြို့နယ်၌ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု (၄၀၄၉)စုအား အိမ်ထောင်စု တစ်စုလျှင်ငွေကျပ် ၂၀၀၀၀/-နှုန်းဖြင့် ပဉ္စမအကြိမ် အဖြစ် ထောက်ပံ့ငွေများ ပေးအပ်ခြင်း ကို ယမန်နေ့ မွန်းလွဲ ၃ နာရီ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ဗန်းမော်မြို့၌ အမျိုးသားတစ်ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ
Jan 26,2021
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့တွင် ယမန်နေ့က ဗန်းမော်ပြည်သူ့ ဆေးရုံကြီး၌ RDT (Rapid Antigen Diagnostic Test Kit) ဖြင့် စစ်ဆေးရာ အမျိုးသားတစ်ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မြစ်ကြီးနားမြို့၌ ဧရာဝတီမြစ်ကူး ဗလမင်းထင်အမှတ်(၂)တံတား တည်ဆောက်ရန် အကြိုအင်ဂျင်နီယာ လုပ်ငန်းများ စတင်ဆောင်ရွက်
Jan 26,2021
ကချင်ပြည်နယ်အတွင်း မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့တို့အား ဆက်သွယ်ထားသော ဧရာဝတီမြစ်ကူး ဗလမင်းထင် တံတားအမှတ်(၂) တည်ဆောက်ရန်အတွက် ယခုနှစ်တွင် အကြိုအင်ဂျင်နီယာ လုပ်ငန်းများစတင် ဆောင်ရွက် လျက်ရှိကြောင်း တံတားဦးစီးဌာန၊ တံတားတည်ဆောက်ရေးအဖွဲ့(၁) ဒုတိယညွှန်ကြားရေးမှူးရုံး၊ တံတားအထူးအဖွဲ့(၁) ထံမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
တာလေမြို့တွင် ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ပြန်လည်ရွေးချယ်နိုင်ရန် ကြီးကြပ်ရေးမှူး(၅)ဦး ရွေးချယ်ခြင်းများ ဆက်လက်ဆောင်ရွက်
Jan 26,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့၊ အမှတ်(၄)ရပ်ကွက်၌ ရပ်ကွက်အုပ်ချုပ်ရေးမှူးအသစ် ပြန်လည် ရွေးချယ်နိုင်ရန်အတွက် ယနေ့ နံနက်ပိုင်းက ရပ်ကွက်ဘုန်းကြီးကျောင်းတွင် ကြီးကြပ်ရေးအဖွဲ့ (၅)ဦး ရွေးချယ်ပွဲကို ဆက်လက် ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
အိမ်မဲမြို့နယ်၌ ကိုဗစ်(၁၉)ကာကွယ်ဆေးလုပ်ငန်းတွင် အသုံးပြုရန်လူဦးရေစာရင်း ကောက်ယူခြင်း အတွက်ဆွေးနွေးပွဲကျင်းပ
Jan 26,2021
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် အိမ်မဲမြို့နယ်၌ ကိုဗစ်(၁၉)ကာကွယ်ဆေး လုပ်ငန်းတွင်အသုံးပြုရန်လူဦးရေစာရင်းကောက်ယူခြင်းအတွက် ဆွေးနွေးပွဲပြုလုပ်ခြင်းကို ယမန်နေ့ နံနက် ၁၁ နာရီတွင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေပြည်တန် ခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ဇေယျာသီရိမြို့နယ်၌ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအား ထောက်ပံ့ငွေများပေးအပ်
Jan 26,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်မှ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများ၏ ထပ်တိုးတင်ပြ ထားသည့် အိမ်ထောင်စုများအား ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့ ညနေ ၅ နာရီက ဇေယျာသီရိမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25355
Page
25356
Page
25357
Page
25358
Current page
25359
Page
25360
Page
25361
Page
25362
Page
25363
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department