အမြို့မြို့အနယ်နယ်သတင်းများ

Jan 26,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ခြင်းဆိုင်ရာ ကျန်းမာရေး အသိပညာပေးခြင်းနှင့် နှာခေါင်းစည်းမဖြစ် မနေတပ်ဆင်ရေး လှုပ်ရှားမှုအဖြစ် ယနေ့ နံနက်၈ နာရီ အချိန်မှ စတင်၍ ဟိုပုံးမြို့မဆည်သွားလမ်းနှင့် မြို့မဈေးလမ်းဆုံတွင် Mask Campaignကို နေ့စဉ်အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက် ရှိသည်။
Jan 26,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်မြို့နယ်၊ ပင်လုံမြို့ ရပ်ကွက်(၁)တွင် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီး ဘိုးဘွား များအား နိုင်ငံတော်မှထောက်ပံ့သည့် လူမှုရေးပင်စင်များကို ယနေ့ နံနက်(၁၀)နာရီ အချိန်ခန့်က အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။
Jan 26,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့ မိုင်းဟန်ကျေးရွာအုပ်စုတွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ် ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုဝင်များအတွက် နိုင်ငံတော်မှ အိမ်ထောင်စုတစ်စု လျှင် ငွေကျပ်နှစ်သောင်း ထောက်ပံ့ပေးအပ်ရာတွင် မရရှိသေးသည့် ထပ်တိုးအိမ်ထောင်စုဝင်များအား မိုင်းဟန်ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးရုံးတွင် ယမန်နေ့ ညနေ ၄ နာရီက ပေးအပ်ခဲ့ကြောင်းသိရသည်။
Jan 26,2021
​ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ ကျိုင်းတောင်းမြို့တွင် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး တင်မြှောက် နိုင်ရေးအတွက် ယမန်နေ့ နံနက် ၁၀ နာရီက ကျိုင်းတောင်းမြို့ မြို့ပေါ်ရပ်ကွက်ရှိ အမှတ်(၂)ရပ်ကွက်နှင့် အမှတ်(၆)ရပ်ကွက်တို့၌ ကြီးကြပ်ရေးအဖွဲ့ ၅ ဦးစီ ရွေးချယ်ဖွဲ့စည်းခဲ့သည်။
Jan 26,2021
ရန်ကုန်အ​​နောက်ပိုင်းခရိုင်၊ ​စမ်းချောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ကာလအတွင်း ပြည်သူများ အနေဖြင့် အခြေခံ စားသောက်ကုန်များနှင့် ဟင်းသီးဟင်းရွက်များကို စျေးနှုန်းသက်သာစွာ ဝယ်ယူ နိုင်ရန်နှင့် ဈေးများသို့ သွားရောက် ဝယ်ယူခြင်း မပြုရသည့်အတွက် ကိုဗစ်-၁၉ ရောဂါ ကူးစက် ပြန့်ပွားမှု ကာကွယ်နိုင်ရေး၊ သန့်ရှင်း လတ်ဆတ်သော သား၊ ငါး၊ ဟင်းသီးဟင်းရွက် စားသောက် ကုန်များအား ပြည်သူများ အလွယ်တကူ ဝယ်ယူရရှိနိုင် ရေးတို့အတွက်
Jan 26,2021
ယခုအခါ ပွင့်လင်းရာသီသို့ ရောက်ရှိလာပြီဖြစ်သောကြောင့် မီးလောင်မှုများ၊ မီးလန့်မှုများ မဖြစ်ပွားစေရန် ရည်ရွယ်၍ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်းကို ယမန်နေ့ ညနေ ၄ နာရီခွဲ အချိန်ကမြို့တွင်း ရပ်ကွက်များသို့ လှည့်လည်ဆော်သြခဲ့သည်။
Jan 26,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့တွင် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးအသစ် ပြန်လည်ရွေးချယ်နိုင်ရေးအတွက် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဆိုင်ရာ အသိပညာပေး ရှင်းလင်းပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲက နမ့်ဟူးခွန်ကျေးရွာအုပ်စု၊ နမ့်ဟူးခွန်ဘုရားကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jan 26,2021
ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ် (RCEP) အကောင် အထည်ဖော်ရေးအတွက် အစိုးရ-ပုဂ္ဂလိက (၁၀) ကြိမ်မြောက် ဆွေးနွေးပွဲကို ယမန်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည်။