အမြို့မြို့အနယ်နယ်သတင်းများ

Jan 24,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ကောလင်းမြို့မဈေးအား ဇန်နဝါရီ ၂၄ရက်နေ့မှ​ ဖေဖော်ဝါရီ ၆ ရက်နေအထိ ယာယီပိတ်သိမ်းသွားမည်ဖြစ်ကြောင်းသိရသည်။
Jan 24,2021
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ နယ်စပ်ဒေသ မိုင်းယုမြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး ကာလအတွင်း နိုင်ငံတော်မှ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား (ထပ်တိုး)အိမ်ထောင်စု များအား ထောက်ပံ့ကြေးပေး အပ်ခြင်းကို ယနေ့ နံနက် ၉ နာရီက မိုင်းယုဒေသတွင်းရှိ မြို့ပေါ်ရပ်ကွက်နှင့်ကျေးရွာများရှိ (ထပ်တိုး)အိမ်ထောင်စုများထံသို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
Jan 24,2021
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၌ ၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ်တွင် ကရင်ပြည်နယ်အစိုးရ​ငွေလုံး​ငွေရင်း ခွင့်ပြုရန်ပုံ​ငွေဖြင့် အားကစားဝန်ကြီးဌာန၊အားကစားနှင့်ကာယပညာဦးစီးဌာန ကော့ကရိတ်မြို့နယ်မှ မိုးလုံ​လေလုံအားကစားရုံ(၁၂၀​ပေ×၉၀​ပေ) တည်​ဆောက်ခြင်းပန္နက်တင် မင်္ဂလာအခမ်းအနားကို ယမန်နေ့နံနက် ၉နာရီအချိန်က အမှတ်(၃)ရပ်ကွက်၊ ပန်းခြံလမ်းရှိ မြို့မအားကစားကွင်းတွင် ကျင်းပခဲ့​ကြောင်းသိရသည်။
Jan 24,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့အခြေခံပညာအထက်တန်းကျောင်း RCCနှစ်ထပ် ကျောင်းဆောင်သစ် ဆောက်လုပ်ရန် ပန္နက်တင်မင်္ဂလာအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီခွဲက ကျောင်းဆောင်သစ် ဆောက်လုပ်မည့်နေရာ၌ ကျင်းပခဲ့ကြောင်းသိရသည်။
Jan 24,2021
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေး ကာလအတွင်း ပင်စင်လစာစားများအတွက် ပင်စင်များကို ဇန်နဝါရီလ ၂၁ ရက် နံနက် ၉ နာရီမှ စတင်၍ လူစုလူဝေးမဖြစ်ပေါ်စေရေးအတွက်ကျန်းမာ‌ရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန် ချက်များနှင့် အညီ ထုတ်ပေးလျက်ရှိ‌ ကြောင်းသိရသည်။
Jan 24,2021
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်၊ နောင်ချိန်းကျေးရွာ၌ ခွေးရူးရောဂါ ကင်းစင် ပပျောက်နိုင်ရေး အတွက် မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ယမန်နေ့ နံနက် ၈ နာရီတွင် နောင်ချိန်းကျေးရွာ အုပ်ချုပ်ရေးရုံး၌ ခွေးရူးကာကွယ်ဆေးအခမဲ့ထိုးနှံပေးခဲ့ကြောင်းသိရသည်။