Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ကျောက်ကြီးမြို့နယ်၌ မြို့နယ်အဆင့်မြစိမ်းရောင်စီမံကိန်း သုံးသပ်ဆွေးနွေးပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနား ကျင်းပပြုလုပ်
Jan 24,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ်၌ စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၌ ယမန်နေ့နံနက်(၁၁)နာရီအချိန်က မြို့နယ်အဆင့်မြစိမ်း ရောင် စီမံကိန်းသုံးသပ်ဆွေးနွေးပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကိုကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
လွိုင်ကော်မြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက်ဘိုးဘွားများအား ပထမသုံးလပတ် လူမှုရေးပင်စင်များ ပေးအပ်
Jan 24,2021
ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်အတွင်းရှိ အသက် (၈၅)နှစ်နှင့်အထက် လူမှုရေးပင်စင် ထောက်ပံ့ကြေး ခံစားနေရသည့် ဘိုး/ဘွားများအား လူမှုရေးပင်စင်ပုံမှန် ကျပ်သုံးသောင်း ထောက်ပံ့ပေး အပ်ခြင်းကို ယနေ့ မွန်းလွဲပိုင်းက လွိုင်ကော်မြို့နယ် ဒေါပေါ်ကလဲကျေးရွာအုပ်စုနှင့် နိုးကိုးကျေးရွာအုပ်စုတို့၌ ထောက်ပံ့ ပေးအပ် ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးမှ ဘယ်လင်းအကျဉ်းဦးစီးဌာနသို့ ကြည့်ရှု စစ်ဆေး
Jan 24,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ဘယ်လင်းအကျဉ်းဦးစီးဌာနသို့ မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်၊ ခရိုင်တရာသူကြီး၊ မြို့နယ်တရားသူကြီးများက ယမန်နေ့ နံနက်(၉)နာရီခွဲက ကုန်ထုတ်စခန်း(၁)နှင့် (၂)သို့ကြည့်ရှု စစ်ဆေးခဲ့ကြောင်းသိရသည်။ ထိုသို့ ကြည့်ရှု စစ်ဆေးရာတွင် မန္တလေးတိုင်းတရားသူကြီး ဦးမြင့်ဆန်း၊ ဒုတိယခရိုင် တရားသူကြီး
အပြည့်အစုံ ဖတ်ရန်
ကော့ကရိတ်မြို့၌ မိုးလုံလေလုံ အားကစားရုံ ဆောက်လုပ်ရန် ပန္နက်တင် မင်္ဂလာ အခမ်းအနားကျင်းပ
Jan 24,2021
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၌ ၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ်တွင် ကရင်ပြည်နယ်အစိုးရငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေဖြင့် အားကစားဝန်ကြီးဌာန၊အားကစားနှင့်ကာယပညာဦးစီးဌာန ကော့ကရိတ် မြို့နယ်မှ မိုးလုံလေလုံအားကစားရုံ(၁၂၀ပေ×၉၀ပေ) တည်ဆောက်ခြင်းပန္နက်တင် မင်္ဂလာအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်က အမှတ်(၃)ရပ်ကွက်၊ ပန်းခြံလမ်းရှိ မြို့မ အားကစားကွင်းတွင် ကျင်းပခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
မြစ်သားတွင် အခြေခံလူတန်းစားအိမ်ထောင်စုများသို့နိုင်ငံတော်အစိုးရမှ (စတုတ္ထအကြိမ်) ငွေကျပ်နှစ်သောင်း ထောက်ပံ့ ပေးအပ်
Jan 24,2021
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစား အိမ်ထောင်စုများအတွက် နိုင်ငံတော်အစိုးရမှ(စတုတ္ထအကြိမ်)ထောက်ပံ့သော ငွေကျပ် နှစ်သောင်း အား ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ရုံးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ဆမီးမြို့၌ အမြင့်ရေတင်စီမံကိန်းလုပ်ငန်း(၂)ရပ် ၁၀၀ရာခိုင်နှုန်းပြီးစီးမှုအား ကွင်းဆင်းစစ်ဆေး
Jan 24,2021
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဆမီးမြို့တွင် ချင်းပြည်နယ်စည်ပင်သာယာရေးအဖွဲ့၏ ငွေလုံးငွေရင်း ခွင့်ပြု ငွေဖြင့် ဆောင်ရွက်သည့် အမြင့်ရေတင်စီမံကိန်းလုပ်ငန်း(၂)ရပ် ၁၀၀ရာခိုင်နှုန်းပြီးစီးမှုအား ယမန်နေ့ ညနေ(၃)နာရီ အချိန်တွင် ကွင်းဆင်းစစ်ဆေးမှုအား ဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
တံတားဦးမြို့နယ် မြေငူကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ စာသင်ဆောင်အား ပန္နက်တော်တင် မင်္ဂလာ အခမ်းအနားကျင်းပ
Jan 24,2021
ကျောက်ဆည်ခရိုင် တံတားမြို့နယ် မြေငူကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ ၁၃၀ပေ × ၃၀ပေ ×၂၄ပေ ရှိ စာသင်ဆောင်အား ယနေ့နံနက်(၁၀)နာရီက ပန္နက်တော်တင်မင်္ဂလာ အခမ်းအနား ကျင်းပကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ပေါက်မြို့နယ်၌ မိုးနှောင်းကြက်သွန်နီ ဈေးနှုန်းများကျဆင်း၍ တောင်သူများ အရှုံးပေါ်
Jan 24,2021
မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ်အတွင်းရှိ စိုက်ပျိုးရေးတောင်သူများသည် မိမိတို့၏ယာမြေများပေါ်၌ မြေအောက်ရေကို အသုံးပြု၍ မိုးနှေင်းကာလတွင် စိုက်ပျိုးထားသော ကြက်သွန်နီများ လက်ရှိအချိန်တွင် နုတ်သိမ်း၍ ပခုက္ကူမြို့သို့ တင်ပို့ရောင်းချကြရာတွင် ကြက်သွန်နီဈေးနှုန်းများ ကျဆင်းပြီး ပွဲရုံပြတ်ဈေး တစ်ပိဿာ ကျပ် ၃၀၀ ဝန်း ကျင်သာရောင်းချရသဖြင့် ကြက်သွန်နီစိုက်တောင်သူများ အရှုံးပေါ်နေကြောင်း ပေါက်မြို့နယ် ကြက်သွန်စိုက် တောင်သူများထံမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25379
Page
25380
Page
25381
Page
25382
Current page
25383
Page
25384
Page
25385
Page
25386
Page
25387
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department